
When Love Strikes (2024) IMDb Rating (6.5) ဘောလုံးအားကစားနဲ့ မိသားစု၊ သူငယ်ချင်းနဲ့ ချစ်ရသူတို့ကြားက နွေးထွေးတဲ့ချစ်ခြင်းတရားကို ရိုက်ကူးပုံဖော်ထားတဲ့ နိုင်ဂျီးရီးယားရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။ အောင်မြင်တဲ့ဘောလုံးသမားတစ်ယောက်ဖြစ်ဖို့ဆိုတဲ့ အိပ်မက်နောက်ကို လိုက်ရမလား၊ အမေဖြစ်စေချင်တဲ့ စကော်လာရှစ်ရဖို့ကြိုးစားပြီး နိုင်ငံခြားကိုကျောင်းသွားတက်ရမလား ဝေခွဲမရဖြစ်နေတဲ့ အိုင်ဘီကေ.. လက်ရှိသူကစားနေတာ ရီမိုစတားဆိုတဲ့ ဘောလုံးအသင်းတစ်ခုမှာ။ အကောင်းဆုံးကစားသမားဆုရတဲ့လူက ဒေါ်လာနှစ်သိန်းအပြင် ဥရောပကိုပါသွားကစားဖို့အတွက်ရွေးချယ်မဲ့ လူငယ်စိန်ခေါ်ဖလားပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ အိုင်ဘီကေ.. အမေဖြစ်သူ အစ်မဖြစ်သူနဲ့နေရင်း သူ့ကိုဘောလုံးကစားဖို့ အားပေးခဲ့သူ၊ ဆုံးသွားတဲ့အဖေဖြစ်သူကသူ့အဖေရင်းမဟုတ်တာကို သိလိုက်ရတဲ့အချိန်.. ဖိုင်နယ်ပွဲနဲ့ စကော်လာရှစ်ရဖို့စာမေးပွဲဖြေရမဲ့ရက်က တစ်ရက်တည်းဖြစ်လာတဲ့အခါမှာတော့.. မိသားစုအရှုပ်အရှင်းတွေနဲ့ အိုင်ဘီကေတစ်ယောက် ဘယ်အရာကိုရွေးချယ်မလဲဆိုတာခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။) File size…(1.6 GB) / (840 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:44:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Pyae Phyo