
ဒီဇာတ်ကားလေးကတော့ ခွင့်လွှတ်ခြင်းရဲ့ စွမ်းအားကြီးမားပုံကို မီးမောင်းထိုးပြထားတဲ့ကားလေးပါ။ မြို့ငယ်လေးတစ်မြို့က သင်းအုပ်ဆရာတစ်ယောက်ဖြစ်တဲ့ မာရှယ်ဆိုသူရဲ့ အမျိုးသမီးကို ထရွိုင်ပါကာက မတော်တဆသတ်လိုက်မိပါတယ်။ ဒါပေမယ့် မာရှယ်ဟာ သင်းအုပ်ဆရာတစ်ယောက်ဖြစ်နေသည့်အလျောက် သည်းခံခွင့်လွှတ်ပေးခဲ့ပြီး ရုံးတော်မှာ ထရွိုင်ပါကာကို ပြစ်ဒဏ်လျှော့ပေါ့ပေးအောင်တောင် ကာကွယ်ထွက်ဆိုပေးခဲ့ပါတယ်။ ဒါပေမယ့် သားဖြစ်သူ ဆမ်မြူရယ်ကတော့ အမေတစ်ယောက်လုံးကို ဆုံးရှုံးလိုက်ရတာတောင် သည်းခံခွင့်လွှတ်ပေးခဲ့တဲ့ ဖခင်ဖြစ်သူရဲ့လုပ်ရပ်ကို နားမလည်နိုင်ဖြစ်နေရပါတယ်။ တစ်နေ့မှာတော့ ထရွိုင်တစ်ယောက် ထောင်ကလွတ်လာပြီး မာရှယ်တို့သားအဖရဲ့ မျက်စိရှေ့ကိုပြန်ရောက်လာတဲ့အခါမှာတော့ သူတို့အကြားမှာဘာဆက်ဖြစ်ကြမလဲ ထရွိုင်ပါကာကရော သူလုပ်မိခဲ့တဲ့အပြစ်တွေအတွက် ဘယ်လိုပေးဆပ်မလဲ ဆမ်မြူရယ်ကရော နားလည်ခွင့်လွှတ်ပေးနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာပါ။ File size…(1.3 GB)/(740 MB)/(350 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre...Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant