
~ IMDb Rating - 6.8/10 ~ ဂျော်ဂျီယာဒါရိုက်တာရိုက်ထားတဲ့ တွေ့ရခဲတဲ့ ဂျော်ဂျီယာရုပ်ရှင်ပါ။ ဂျော်ဂျီယာက ရွာလေးတစ်ရွာမှာ ဇာတ်အိမ်တည်ထားတယ်။ ဒီရုပ်ရှင်ဟာ LGBT ရုပ်ရှင်လို့ ပြောဖို့ခက်ပေမဲ့ သူ့အဓိကအကြောင်းအရာက LGBT ဖြစ်နေပါတယ်။ ပြောရရင် ကြည့်ဖူးသမျှထဲ သိမ်မွေ့မှုအရှိဆုံး LGBT ရုပ်ရှင်ပါပဲ။ MUBI လို Art Film ဦးစားပေး streaming service မှာတောင် တင်ထားပြီး ရုပ်ရှင်ပွဲတော်ပေါင်းများစွာမှာလည်း ပြထားပါတယ်။ ဂျော်ဂျီယာဟာ လိင်တူစုံမက်ခြင်းကို အင်မတန် ရှုံ့ချတဲ့နေရာပါ။ အန်နွန်လို့ခေါ်တဲ့ အဘိုးကြီးတစ်ယောက်က ဂျော်ဂျီယာ ဘလက်ဆီးနားက ရွာလေးတစ်ရွာမှာ Wet Sand လို့ခေါ်တဲ့ ကဖေးလေးဖွင့်ထားတယ်။ အေးရာအေးကြောင်းနေလာရင်း သူ့ကဖေးမှာ လာသောက်နေကျ လူတစ်ယောက်ဆုံးသွားရာက ဂယက်ထလာတော့တာပါပဲ။ အဲဒီလူက ဘာသာမဲ့ဆိုတော့ သူ့ကို ဘယ်သူကမှလည်း မမြုပ်ပေးချင်ကြသလို ဘယ်သူကမှ အကောင်းမမြင်ကြဘူး။ သူ့အလောင်းကို ဒီတိုင်းပုပ်အောင်ပဲ ထားပစ်လိုက်ချင်ကြတယ်။ အဲဒီအလောင်းနဲ့ အန်နွန်ဘာဆက်ဖြစ်မလဲ Wet Sand မှာ ကြည့်ရမှာပါ။ အစကနေအဆုံး သိမ်မွေ့ညက်ညောမှု အပြည့်နဲ့ပေါ့... (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.2GB, 635MB Quality - 1080p, 720p IMDb Rating - 6.8/10 Format - mp4 Duration - 1H 55Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y