
အပျိုဖော်မဝင့်တဝင် အမျိုးသမီးတို့ဓမ္မတာ အစပျိုးလေးတောင် မလာဖူးသေးတဲ့ရွှေရင်သိမ်းသစ်စ မိန်းကလေးတစ်ယောက်ရဲ့ဘဝအတွက် အကြီးမားဆုံးရည်မှန်းချက်၊ စိတ်ကူးယဉ်အိမ်မက်တွေကဘယ်လောက်များခမ်းနားကြီးကျယ်နေနိုင်မလဲ? ဆောင်အွန်းဆိုတဲ့ကောင်မလေးကတော့ မင်္ဂလာဆောင်တစ်ခုမှာ သတို့သမီးရဲ့အလှအပ၊မင်္ဂလာဆောင်ရဲ့ခမ်းနားမှု ကြည်နူးဖွယ်တွေကို အားကျနေခဲ့ပြီးတော့ တောက်လျှောက်စိတ်ကူးယဉ်နေမိခဲ့တာပါ။ သူဟာ မင်းသားလေးတစ်ပါးကို အိမ်မက်မက်ထားတယ်။ အဲ့ဒီမင်းသားလေးဟာ သူ့ဖူးစာဖက် ဧကန်ဖြစ်ပြီး တစ်နေ့မှာ သူတို့ပျော်ရွှင်စွာပေါင်းဖက်ရမယ်ဆိုတာမျိုးပေါ့။ အဲ့ဒါ သူ့အိမ်မက်အကုန်ပါပဲ။ တစ်နေ့တော့ သူစာသင်ခန်းထဲမှာ အိပ်ပျော်နေရင်း မျက်လုံးအဖွင့်မှာ အိမ်မက်ထဲက မင်းသားလေးကိုမျက်ဝါးထင်ထင်တွေ့မြင်လိုက်ရပါတော့တယ်။ သူ့ရဲ့မင်းသားလေးဟာ သူတို့ကျောင်းရဲ့ အလုပ်သင်ကာယဆရာတစ်ယောက်အဖြစ်ရောက်ရှိလာခဲ့တာပါပဲ။ အဲ့ဒီကစလို့ အိမ်မက်တွေ၊ စိတ်ကူးယဉ်တွေ နဲ့ လက်တွေ့ဘဝကို ခွဲခြားနားမလည်တတ်သေးတဲ့ ဆယ်ကျော်သက်ကောင်မလေးဟာ မင်းသားလေးကို ရရှိဖို့ ဘာမဆိုစွန့်လွှတ်စွန့်စားနိုင်တဲ့အထိ အဆင်သင့်ဖြစ်သွားပါတော့တယ်။ သူတစ်ယောက်တည်းတော့မဟုတ်ပါဘူး၊ သူ့ရဲ့ မိုက်ဖော်ဆိုးဖက် သူငယ်ချင်းမလေးတွေကလဲ သူ့စွန့်စားခန်းကို မြှောက်ပင့် အားပေး ကူညီဖို့ ရယ်ဒီပါပဲ။ Wet Dream ရဲ့နောက်ဆက်တွဲကားဖြစ်ပေမယ့် ပထမကားထက်ပိုပြီးတော့ Serious ဖြစ်တဲ့ဘက်ကိုသွားထားပါတယ်။ အပျော်တွေချည်းသက်သက်မဟုတ်ပဲနဲ့ တကယ်တမ်းရင်ဆိုင်ရမယ့်လက်တွေ့ဘဝရဲ့ပြဿနာလေးတွေကိုပါ ပါးပါးလေးချပြသွားပြီးတော့ အချစ်ဟာသ ဇာတ်လေးကို လှလှပပခင်းသွားပါသေးတယ်။ ၂၀၀၀ ခုနှစ်ကျော်ဝန်းကျင် ခေတ်ကာလတွေ၊ အဲ့ဒီခေတ်က ကိုရီးယားရုပ်ရှင်တွေကိုပြန်သတိရလွမ်းတစေနိုင်တဲ့ အချစ်ဟာသ ၁၈ နှစ်အထက် ဇာတ်ကားလေးတစ်ကားပါပဲ။ Wet Dream နှစ်ကားစလုံးကို https://channelmyanmar.org/?s=wet+dreams မှာကြည့်ပါ။ File size…(1.8 GB)/(800 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:40:27 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB Translated by Alias
ဒေါင်းလုပ်လင့်ခ်များမရှိသေးပါ
ထုတ်လွှင့်သည့်နေ့
January 13, 2005
ကြာချိန်
1h 41m
အဆင့်သတ်မှတ်ချက်
5.9 / 10
Director
Jeong Cho-sin