
ဒေါက်တာဂင်ဆိုတဲ့လူတစ်ယောက်ဟာ ကမ္ဘာဦးခေတ် ဒိုင်နိုဆောတွေ ပြန်ရှင်လာပြီလို့ ကြေညာချက်ထုတ်ပြန်ပြီးတော့ ပျောက်ကွယ်သွားတဲ့လူပါ။ လူတွေကတော့ ဒီထုတ်ပြန်ချက်ကိုရော သူ့ကိုရော ရူးနေတယ်လို့ပဲ ထင်ခဲ့ကြပါတယ်။ သို့သော်လည်း သတင်းစာတိုက်တစ်ခုဟာ ဒီအကြောင်းကို လိုက်ဖို့အတွက် မိန်းမလှလေးတစ်ယောက်ကို တာဝန်ပေးခဲ့ပါတယ်။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သတင်းရအောင်ယူခဲ့ဖို့လိုတဲ့မိန်းမလှလေးဟာ ဘယ်လိုအကြံတွေထုတ်မလဲ..။ သူတို့တွေ ဘာတွေ ကြုံရလိမ့်ဦးမလဲ..။ ၁၉၈၅ ခုနှစ်က ထွက်ခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့အလျှောက် ဇာတ်လမ်းကြောင်းက အတော်လေးကောင်းမွန်နေပြီးတော့ CGI တွေတော့ အတော်လေး အားနည်းနေခဲ့ပါတယ်။ သို့သော်ငြား ပြန်ကြည့်ရင်တော့ လွမ်းစရာပါပဲ။ ငယ်ငယ်တုန်းက ဒီလိုပဲ ကြည့်ရတာကိုး။ ပြောခဲ့တဲ့အတိုင်း CGI တွေ အားနည်းပေမဲ့လည်း ဒိုင်နိုဆောချစ်သူတွေ သဘောကျလိမ့်မယ့်ဇာတ်ကားတစ်ကားပါပဲ။ ဘာကြောင့်လဲဆို...၊ ဇာတ်လမ်းကြောင်း.. ကောင်းတယ်...။ ရသအမျိုးအစား.... စုံတယ်..။ အဲဒီခေတ်အခါက ကြမ်းသင့်သလောက် ကြမ်းခဲ့တဲ့ ဒိုင်နိုဆောတွေကို ကြည့်ပြီးတော့လည်း စိတ်ကျေနပ်ရမယ်။ ဟိုးအရင်ကြာခဲ့ပြီဖြစ်တဲ့ ရုပ်ရှင်တစ်ကားဆိုတော့ လူတိုင်း ကြိုက်ပါလိမ့်ဦးမလား မသိဘူး။ ဒါပေမဲ့လည်း တချို့လူတွေအတွက်ကတော့ ဒီလိုအရည်အသွေးကောင်းတဲ့အဟောင်းတွေ ပြန်ကြည့်ရတာကိုက အရသာပဲကိုး။ အရင်ခေတ်က ရုပ်ရှင်တစ်ကားဆိုပေမဲ့လည်း အရင်လို မှုန်ဝါးဝါးဖြစ်မနေအောင် CM team က Quality ကောင်းကောင်းနဲ့ တင်ဆက်ပေးထားတာမို့ ကြည့်ကြည့်ကြပါဦး။ File size…(2.78GB) / (1.43GB) / (708MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:48:00 Genre...Sci-Fic Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Mann Htet Myat
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.78GB | Download | |
| 720p | 1.43GB | Download | |
| 1080p | 2.78GB | Download | |
| 720p | 1.43GB | Download |