
ချစ်ခြင်းမေတ္တာဟာ တကယ့်ကိုပဲ ဘဝတစ်ခုလုံးကို ပေးဆပ်နိုင်လောက်အောင်အထိ စစ်မှန်တတ်တယ်ဆိုတာကို (၁၉၆၂)ခုနစ် ထွက်ရှိခဲ့တဲ့ ဒရာမာဇာတ်လမ်းကောင်း “Walk on the Wild Side”မှာ ခံစားလိုက်ရပါတယ်။ ခြေသလုံးအိမ်တိုင် လျှောက်သွားနေတဲ့ ဒက်ဘ်ဆိုတဲ့ အမျိုးသားက သူနဲ့ဝေးကွာနေခဲ့ပြီး အဆက်ပြတ်နေခဲ့တဲ့ ချစ်ရတဲ့အမျိုးသမီးလေး ဟယ်လီကို သူ(မ)ရှိမယ်ထင်မိတဲ့အရပ်ဆီ ရှာပုံတော်ဖွင့်ပါတော့တယ်။ ဝေးခဲ့တဲ့အချိန်တွေလည်း ကြာလှပြီ။ ဘယ်ဆီရောက်လို့ ဘာတွေဖြစ်နေပြီလဲ မသိရတဲ့သူကိုမှ ရမ်းသန်းပြီး ရှာနေရတာက သိပ်ကို ခံစားရ နာကျင်လွန်းလှပါတယ်။ သူ မျှော်လင့်ထားခဲ့သလိုမျိုး ဟယ်လီက သူ့ကို သစ္စာရှိရှိနဲ့ စောင့်နေခဲ့ပါ့မလား။ သူတို့တွေ ပြန်ဆုံကြရင်ကော ပျော်ကြရမှာလား။ (၁၉၀၀)ကျော်လောက်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားဆိုပေမယ့်လည်း ဒီလိုအချစ်မျိုးဟာ တကယ်ရှိခဲ့တာလား။ တကယ်တမ်း လက်တွေ့ဘဝမှာကော ကိုယ်တကယ် ချစ်မြတ်နိုးရတဲ့သူတစ်ယောက်ကို ခွင့်လွှတ်ခြင်းကိုသာ ပဓာနထားပြီးတော့ သူ ဘာတွေလုပ်ခဲ့လုပ်ခဲ့၊ သူ ဘယ်လိုတွေဖြစ်ခဲ့ဖြစ်ခဲ့ အပြစ်မမြင်ဘဲ ချစ်နိုင်ကြလားဆိုတဲ့ မေးခွန်းတွေကိုတောင် ထုတ်မိသွားစေနိုင်လောက်မယ့် ဇာတ်ကားတစ်ခုဖြစ်တယ်လို့ တွေးမိပါတယ်။ ဟောင်းပေမယ့်လည်း ခံစားသက်ဝင်လို့ ကောင်းနေဆဲဖြစ်တဲ့၊ အချစ်ဆိုတာကို ဖော်ကြူးထားတဲ့ အချစ်ဇာတ်လမ်းဟောင်းလေးကို ဂန္တဝင်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်လို့များ သတ်မှတ်မိသွားမလား၊ ဒါဟာ တလွဲဆံပင်ကောင်းတာပါ၊ ရူးမိုက်တာသပ်သပ်ပါကွာလို့များ တွေးမိမလားဆိုတာကိုတော့ “Walk on the Wild Side (1962)”ဆိုတဲ့ ဇာတ်လမ်းလေးကို ကြည့်ရှုခံစားရင်း ချစ်ခြင်းေမတ္တာရဲ့ နူးညံ့မှုနဲ့ ချစ်ခြင်းအစစ်အမှန်ကြောင့် ဖြစ်ပေါ်လာတတ်တဲ့ သတ္တိတွေ ရဲရင့်မှုတွေကိုပါ ကြည့်ရှုခံစားလို့ရပြီပဲဖြစ်ပါတယ်။ File size… 2.4 GB / 1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 54m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Doros
| Provider | Resolution | File Size | |
|---|---|---|---|
| 1080P | 2.4 GB | Download | |
| 1080P | 2.4 GB | Download | |
| 1080P | 2.4 GB | Download | |
| 720p | 1.2 GB | Download | |
| 720p | 1.2 GB | Download | |
| 720p | 1.2 GB | Download | |
| 720p | 1.2 GB | Download |
ထုတ်လွှင့်သည့်နေ့
February 21, 1962
ကြာချိန်
1h 54m
အဆင့်သတ်မှတ်ချက်
6.7 / 10
Director
Edward Dmytryk