
Vidyarthi (2023) ဒီဇာတ်ကားက IMDb 9.1 ရထားတဲ့ ဇာတ်ကားဖြစ်ပြီး လုံးဝလက်မလွှတ်တန်းကြည့်သင့်တဲ့ဇာတ်ကားမျိုးပဲဖြစ်ပါတယ်။ တက္ကသိုလ်တက်စဉ်က ရတဲ့ Vibeမျိုးလည်း ရပြီးတော့ အစပိုင်းမှာပေါ့ပေါ့ပါးပါးလေးနဲ့ နောက်ပိုင်းမှာရော ဘယ်လိုတွေ ကြမ်းပြမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ မိဘမဲ့တစ်ယောက်ဖြစ်တဲ့ ချိုင်တန်ညာဟာ အရွယ်လွန်မှ စိုက်ပျိုးရေးမေဂျာသင်ဖို့အတွက် ကောလိပ်တတ်ဖို့ဖြစ်လာခဲ့ပါတယ်။ သူတက်တဲ့ကောလိပ်မှာတော့ မျိုးရိုးအဆင့်အတန်းခွဲခြားတတ်ပြီးတော့ မျိုးရိုးနိမ့်တဲ့သူတွေကို အနိုင်ကျင့်ပြီး မတူမတန်ဆက်ဆံတဲ့သူတွေရှိနေပါတယ် မျိုးရိုးမြင့်တဲ့ အချောအလှလေး မဟာလက်ချ်မီးနဲ့ မျိုးရိုးနိမ့်တဲ့ ချိုင်တန်ညာတို့ တွေ့ပြီး ခင်ကြတဲ့အခါမှာ ဘာတွေဖြစ်လာမလဲ….. လက်ခ်ျမီးရဲ့ အဖေ ဘူပါသီမှာလဲ သတ်ရတဲ့ထိ မုန်းတီးအငြိုးဖွဲ့နေတဲ့ ရန်သူတော်ဆက်သ်ရမ်ရှိနေပြီး သမီးရဲ့အသက်ကို ရန်ရှာဒုက္ခပေးလာတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ…. စတဲ့အချစ်အမုန်း ဇာတ်နိမ့်ဇာတ်မြင့် ရန်ငြိုးအာဃာတတွေနဲ့အတူ စိတ်၀င်စားဖွယ် ရိုက်ကူးတင်ဆက်ထားတဲ့ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM BOLLYWOOD TEAM မှ Moon, Aditi, Alex နဲ့ ToMo တို့ပဲ ဖြစ်ပါတယ်)