
ဒီနေ့မှာတော့ Channel Myanmar ရဲ့ အိန္ဒိယရုပ်ရှင်ချစ် ပရိတ်သတ်တွေအတွက် သွေးထွက်သံယိုတွေ မပါတဲ့ ရုပ်ရှင်ကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေဗျာ။ မှုခင်းစုံထောက်ဇာတ်ကားအများစုရဲ့ အနှစ်က သဲလွန်စတွေနဲ့ ခေါင်းခဲစရာ မြုပ်ကွက်တွေပဲလေ ဟုတ်တယ်မလား။ ဒီရုပ်ရှင်ကလည်း ပုံမှန်ရိုးရိုးရှင်းရှင်း ဇာတ်အိမ်ထဲမှာပဲ လူငယ်တစ်ယောက်နဲ့ ရဲတစ်ယောက်ကြားက ပဋိပက္ခကို သရုပ်ဖော်ထားတာပါ။ မိသားစု စီးပွားရေးမပြေလည်တဲ့ အာဂျွန်တို့မိသားစုက ညီမငယ်လေး ရမ်ယာလက်ထပ်ပွဲအတွက် အိမ်ကိုပေါင်ပြီး ပိုက်ဆံချေးလာတာပေါ့။ ဒါပေမယ့် အပြန်လမ်းမှာ စာရွက်စာတမ်းနဲ့ ကိုယ်ရေးအချက်အလက်တွေ မပါလို့ဆိုပြီး ရဲတွေက သံသယဝင်ပြီး ပါလာတဲ့ ပစ္စည်းတွေကို တစ်ညထိန်းသိမ်းထားလိုက်ပါတယ်။ နောက်နေ့မှ စာရွက်စာတမ်းပြပြီး ပစ္စည်းလာထုတ်ပေါ့။ ဒီတော့ နောက်နေ့ရဲစခန်းမှာ အာဂျွန်သွားယူတော့ သူပေးလိုက်တဲ့ ငွေ သိန်း ၂၀ အစား ၅ သိန်းပဲ ပြန်ရပါတော့တယ်။ ဒီတော့ ဒီငွေသာမရှိတော့ရင် ညီမလေးရဲ့ မင်္ဂလာပွဲပျက်မယ့်အရေးမို့ အာဂျွန်ခမျာ အရူးမီးဝိုင်းဖြစ်တော့တာပေါ့။ ဒီတော့ ငွေတွေကရော ဘယ်ကိုရောက်သွားတာလဲ။ အာဂျွန်ထင်သလိုပဲ ရဲတွေက ကြားကနေ တစ်ပတ်ရိုက်ပြီး အစဖျောက်ယူသွားတာလား။ အခြေအနေက ဘာပဲဖြစ်ဖြစ် ဒီပြဿနာကို ဖြေရှင်းရမယ့် အာဂျွန်တစ်ယောက် လုပ်မိလုပ်ရာတွေ လုပ်လိုက်ပါတော့တယ်။ မပြေလည်တဲ့ မိဘနှစ်ပါးကိုလည်း အကြောင်းရင်းစုံကို ပွင့်ပွင့်လင်းလင်း ထုတ်မပြောနိုင်။ ညီမလေးရဲ့ လက်ထပ်ပွဲကိုလည်းအပျက်ခံလို့မဖြစ်။ ဒီလို ရွေးစရာမရှိတဲ့ကြားထဲမှာ အာဂျွန်ဘယ်လိုမျိုး ထွက်ပေါက်ရှာမလဲ။ ဒါတွေကို ရိုးရှင်းတဲ့ဇာတ်အိမ်မှာ ညိမ့်ညိမ့်ညောင်းညောင်းဆွဲယူသွားမယ့် သဲလွန်စတွေနဲ့ အခုပဲ ကြည့်ရှူခံစားလိုက်ပါတော့ဗျာ။ File size…1.3Gb / 650MB Quality…1080p WEB DL AAC 5.1CH / 720p Format…mp4 Duration….1h 25m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Poe & HM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |