
IMDb - 6.5/10_____Rotten - 48% 2017 July မှာ စတင်ရုံတင်ပြခဲ့တဲ့ Sci-Fi, Space Adventure ဇာတ်ကားလေးပါ။ ဒီဇာတ်ကားကို the fifth element , Lucy, messenger အစရှိတဲ့ ဇာတ်ကားကောင်းတွေကို ဖန်တီးပေးခဲ့တဲ့ ဒါရိုက်တာ Luc Besson က သူငယ်ငယ်ကတည်းက သိပ်ကြိုက်နှစ်သက်ခဲ့ရတဲ့ ၁၉၆၇ နှစ်ကတည်းက စတင်ထွက်စတင်ထွက်ရှိလာတဲ့ပြင်သစ်သိပ္ပံကာတွန်းဇာတ်လမ်းတွဲကို ပြန်လည်ပုံဖော်ရိုက်ကူးထားတာပါ။ ဒီကာတွန်းဇာတ်လမ်းတွဲက အရမ်းလူကြိုက်များပြီး စာအုပ်ပေါင်း ၁၀သိန်းကျော်အထိ ထုတ်ဝေဖြန့်ချီပြီး ဘာသာစကားပေါင်း ၁၂မျိုးနဲ့ ဘာသာပြန်ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ ဒါရိုက်တာကိုယ်တိုင် သိပ်ကြိုက်ခဲ့တဲ့ အာကာသဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတာကြောင့် အာကာသယာဉ်တွေ အာကာသခစန်းတွေ ဆန်းပြားတဲ့လက်နက်တွေ ထူးဆန်းတဲ့ဂြိုဟ်သားတွေ ဆန်းပြားတဲ့သတ္တဝါမျိုးစုံတွေ စတာကို သူ့စိတ်ကြိုက် အထူးပုံဖော်ထားလို့ ဘတ်ဂျက်က US 209 million အထိ အသုံးပြုခဲ့ပါတယ်။ ဒါကြောင့် ဘတ်ဂျက်အမြင့်ဆုံး အသုံးပြုထားတဲ့ဇာတ်ကားပါ။ အဓိကဇာတ်ဆောင် အာကာသစစ်တပ်ရဲ့ ဗိုလ်မှူး ဗဲလ်လာရီယမ် အဖြစ် Amazing spider man-2 မင်းသား Dane DeHaan နဲ့ တပ်ကြပ်ရင်းလော်ရင်းအဖြစ် Suside squid မင်းသမီးလေး Cara Delevingne ပါဝင်ထားပြီး တခြားနာမည်ကျော်တွေဖြစ်တဲ့ Clive Owen, Rihanna တို့ပါဝင်သလို နှုတ်ခမ်းနီမလေးတွေအသည်းစွဲ ကိုးရီးယားအဆိုတော်- Exo Kris Wu လည်းပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၉၇၅ ခုနှစ်မှာ အမေရိကန်က အာကာသစခန်းငယ်တစ်ခု ဆောက်လုပ်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ နည်းပညာဗဟုသုတတွေ မျှဝေပူးပေါင်းကြဖို့ပါ။ ၂၀၂၀ မှာ တရုတ်နိုင်ငံကလည်း ဒီအာကာသစခန်းကိုလာရောက်ပူးပေါင်းပါတယ် ။ ဒီလိုနဲ့ နှစ်တွေကြာလာတော့ တခြားနိုင်ငံအများအပြားလည်း တဖြည်းဖြည်း ပူးပေါင်းလာကြသလို စကြာဝဠာထဲမှာရှိတဲ့ တစ်ခြားဂြိုဟ်တွေကလည်း လာရောက်ပူးပေါင်းလာကြပါတယ်။ ဒီလိုနဲ့ အာကာသစခန်းက အချင်းတဖြည်းဖြည်း ကြီးမားလာပြီး ကမ္ဘာ့ဆွဲအားနဲ့ နီးလာတာကြောင့် ကမ္ဘာအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာပါတော့တယ်။ ဒါကြောင့် ဗဟိုကောင်စီက ဒီအာကာသစခန်းကို ကမ္ဘာ့ဆွဲအားနဲ့ဝေးရာကို တွန်းပို့လိုက်ပို့ဆုံးဖြတ်လိုက်ပါတယ်။ ဒီ အဲလ်ဖာ အာကာသစခန်းငယ်ကတော့ စကြာဝဠာစီးကြောင်းထဲမှာ စီးမျောနေရင်းနဲပဲ တခြားဂြိုဟ်တွေ မျိုးစိတ်တွေနဲ့ ပူးပေါင်းပြီး အားလုံးစည်းစည်းလုံးလုံးနဲ့ နည်းပညာတွေ ဗဟုသုတတွေ မျှဝေရင်းနဲ့ နှစ်ပေါင်းများစွာအကြာမှာတော့ ဂြိုဟ်ပေါင်းများစွာတို့ရဲ့ မြို့တော်ကြီးဖြစ်လာပါတော့တယ်။ အေးဂျင့် ဗဲလ်လာရီယမ် နဲ့ အေးဂျင့်လော်ရင်းတို့ကတော့ အင်ထရူဒါးလို့ခေါ်တဲ့ ယာဉ်ပျံကြီးပေါ်မှာ အတူတွဲတာဝန်ထမ်းဆောင်နေကြတဲ့ တွဲဖက်တွေပါ။ … အေးဂျင့် ဗဲလ်လာရီယမ်နဲ့ အေးဂျင့်လော်ရင်းတို့ အတူလက်တွဲရင်း ဘာတွေကို ရင်ဆိုင်ဖြေရှင်းရမလဲဆိုတာ ဆက်လက်ရှုစားလိုက်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Little Twinlay ပါ) File Size : (0.99 GB) Quality : WEB-DL 720p Running Time : 2hr 17min Format : Mp4 Genre :Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Little Twinlay Encoded by Thanhtike Zaw
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |
ထုတ်လွှင့်သည့်နေ့
July 20, 2017
ကြာချိန်
2h 16m
အဆင့်သတ်မှတ်ချက်
6.6 / 10
Director
Luc Besson