
Vaathi (2023) IMDb-7.6/10 သရုပ်ဆောင် ဒါရိုက်တာ ပရိုဂျူဆာ တေးရေး ဇာတ်ဝင်တေးသီချင်းအဆိုတော် စွယ်စုံရမင်းသား Dhanush နဲ့ မင်းသမီးချောလေး Samyuktha Menon တို့ အဓိကပါ၀င်သရုပ်ဆောင်ထားတဲ့ Rating လည်းကောင်း ကြည်နူးမှုကြောင့်လည်းမျက်ရည်စို့ရမဲ့ အိန္ဒိယဇာတ်ကားသစ်လေးနဲ့မိတ်ဆက်ပေးပါရစေ ဇာတ်ကားအစမှာကျောင်းသားသုံးယောက်ဟာသူတို့အဘိုးပိုင်ခဲ့တဲ့ ဗီဒီယိုခွေဆိုင်အဟောင်းလေးကို ရှင်းလင်းရင်းနဲ့ ဗီဒီယိုတိတ်ခွေဟောင်းတွေကို ဖွင့်ကြည့်လိုက်တဲ့အချိန်မှာ သူတို့မနက်တုန်းမှာ ကျောင်းမှာသင်ခဲ့တဲ့ သင်္ချာပုစ္ဆာကို ဆရာငယ်ငယ်တစ်ယောက်က သင်ပေးနေတဲ့ ဗီဒီယိုမှတ်တမ်းကိုတွေ့လိုက်ပါတယ် အဲဒါနဲ့ သူတို့ကစာမလိုက်နိုင်တော့ အဲဒီဆရာဆီမှာကျူရှင်သင်မယ်ဆိုပြီး အဲ့တိတ်ခွေအဖုံးပေါ်မှာပါတဲ့ နာမည်နဲ့လိပ်စာအတိုင်းလိုက်ရှာကြည့်တော့ သူတို့တွေ့လိုက်ရတာ အဲဒီဆရာရဲ့တပည့်ဖြစ်တဲ့သူကိုပါ အဲဒီကနေတစ်ဆင့် ဆရာ့ရဲ့နာမည်က ဘာလာဖြစ်ပြီး ဆရာဘာလာရဲ့အကြောင်းတွေကို နောက်ကြောင်းပြန်ပြောပြလိုက်တဲ့အခါမှာတော့..... ဇာတ်ကားကကြည့်လို့ကောင်းတယ်ဆိုတာ ဒီနေရာမှာတင်ရပါပြီ ဇာတ်လမ်းဇာတ်ကွက်ကောင်း ပေးချင်တဲ့ message ကောင်းတဲ့အပြင် cast ကလဲကောင်း အချစ်ဒရာမာအက်ရှင် အစုံပါဝင်တာမို့ ပေးတဲ့ rating နဲ့လဲထိုက်တန်ပါတယ် အောက်ကစာကတော့ ကျွန်တော် အာချောင်ထားတာပါ ဒီဇာတ်လမ်းလေးကို မချီးကျူးခင်မှာ နယ်ဆင်မင်ဒဲလားပြောခဲ့တဲ့ စကားလေးတစ်ခုရှိပါတယ် Education is the only weapon that can change the world တဲ့ ကမ္ဘာကြီးကိုပြောင်းလဲနိုင်တဲ့တစ်ခုတည်းသောလက်နက်ဟာ ပညာရေးပါတဲ့ ၁၉၉၀ ပြည့်နှစ်တွေမှာ အိန္ဒိယမှာ စီးပွားရေးတိုးတက်လာတာနဲ့အမျှ အသိပညာရှင် အတတ်ပညာရှင်တွေ လိုအပ်လာပြီး ပညာရေးက အားလုံးအတွက် အဓိကလိုဖြစ်လာပါတယ် အဲ့ပညာရေးနဲ့အတူ ခါတော်မီ ပညာရေးကိုအမှီပြုစီးပွားရှာမဲ့လူတွေလည်း ပေါ်ပေါက်လာပါတယ် ဘော်ဒါဆောင်တွေဖွင့် ကိုယ်ပိုင်ကျောင်းတွေဖွင့်နဲ့ ပညာရေးကိုအမှီပြုစီးပွားရေးသောင်းကျန်းကြနဲ့ အကွက်ပေါင်းစုံ လှည့်ကွက်ပေါင်းစုံ လူ့သဘာဝပေါင်းစုံနဲ့ ဇာတ်လမ်းက သူပေးချင်တဲ့ Message ကို ရှုထောင့်ပေါင်းစုံကနေ ထောက်ပြသွားတာကိုတွေ့ရမှာပါ ဒီဇာတ်ကားလေးမှာ ဆရာဘာလာရဲ့နေရာကနေ သူပြချင်သွားတာက ပညာရေးဆိုတာ ဆရာတွေက စေတနာမေတ္တာတွေနဲ့ ပြည့်စုံရုံတင်မကဘဲနဲ့ စနစ်ကလည်း ပညာရေးကို အလေးပေးဖို့လိုအပ်ကြောင်းကို တစ်ခေတ်တုန်းကဖြစ်ခဲ့တဲ့အမှန်တရားတွေနဲ့ ထောက်ပြပြီး တင်ဆက်ပေးထားတာကို တွေ့ရမှာပါ ဒီအညွှန်းကို အဆုံးသတ်တဲ့အနေနဲ့ ပရိသတ်ကြီးတွေလည်း ကမ္ဘာကြီးရဲ့အစွမ်းအထက်ဆုံးလက်နက်တစ်ခုဖြစ်တဲ့ ပညာရေးဆိုတာကို တခြားနိုင်ငံတွေက ဘယ်လိုရရှိဖို့ကြိုးစားတယ် အနုပညာရှင်တွေကလည်း အခုလိုမျိုး ဝေဖန်ထောက်ပြမှုတွေဘယ်လိုလုပ်လဲဆိုတာ ပရိသတ်ကြီးတို့ ဇာတ်လမ်းလေးနဲ့အတူ ခံစားကြည့်ရှုနိုင်ကြဖို့အတွက်တင်ဆက်ပေးလိုက်ရပါတယ် File size…2.7GB / 1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Sai~Khin~Yunni