
ဒီတစ်ခါတော့ The long Ballad ဇာတ်ကားနဲ့ ပရိတ်သတ်တွေအချစ်အားလုံးကို သိမ်းပိုက်သွားတဲ့ မင်းသား Leo Wu ရဲ့ဇာတ်ကားလေးကို တင်ဆက်ပေးမှာပါနော် ဒီ ဇာတ်ကားလေးကတော့ ချစ်ဖို့ကောင်းတဲ့ ဆယ်ကျော်သက်အရွယ် သူငယ်ချင်းနှစ်ယောက်အကြောင်းကို ပုံဖော်ထားတာပါ ဇာတ်ကြောင်းလေးကတော့ …ချန်ချန်ဟာ မိသားစုပြဿနာကြောင့် စာမေးပွဲမဖြေနိုင်လိုက်ဘဲ တစ်နှစ်ပြန်နေဖို့ဖြစ်လာခဲ့ပါတယ် ကျန်းယွီရှင်း(Leo Wu) ကတော့ စာမေးပွဲကိုတောင် လာမဖြေခဲ့လို့ နောက်တစ်နှစ်ပြန်နေရတဲ့ အင်တာနက်ဆယ်လီတစ်ယောက်ပါ အရမ်းကိုထူးခြားတဲ့ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံပုံလေးကတော့… ကျန်းယွီရှင်းဟာ ကျောင်းစတက်တက်ချင်းနေ့မှာပဲ သူ တစ်ခါမှ မမြင်ဖူးတဲ့ ချန်ချန်က သူ့ကောင်မလေးလို့ ကျောင်းမှ ာ နာမည်ကြီးသွားခဲ့ပါတယ် အဲ့ဒီအချိန်မှာ ချန်ချန်ကို စသတိထားမိသွားပြီး မိသားစုပြဿနာ အချစ်ရေးပြဿနာတွေကို ရင်ဖွင့်ရင်း နှစ်ဦးသား အမှန်တရားကို လက်ခံနိုင်အောင်ဘယ်လိုကြိုးစားကြမလဲဆိုတာကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ် ကျွန်တော်တို့အားလုံး တစ်ခါတစ်လေမှာ အမှန်တရားကို သိနေပေမဲ့ လက်ခံနိုင်ဖို့ ခဲယဉ်းတဲ့အချိန်မျိုးမှာ လက်တွေ့ဘဝကို ငြင်းဆန်တတ်ကြပါတယ် ဒီလိုပဲ ဒီဇာတ်လမ်းလေးထဲမှာလည်း အဲ့လိုလူ့သဘာဝအကြောင်းလေးကို ထည့်သွင်းရိုက်ကူးထားတာကြောင့်မို့လို့ ကြည့်ရတာ အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ် ဒါတင်မကဘူး ဟာသလေးတွေပါနှောထားတာကြောင့် တကယ်ကို အချိန်ကုန်မြန်စေမှာပါနော်
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.75GB | Download | |
| 1080p | 1.75GB | Download | |
| 1080p | 1.75GB | Download | |
| 1080p | 1.75GB | Download | |
| 1080p | 1.75GB | Download | |
| 720p | 958.9MB | Download | |
| 720p | 958.9MB | Download | |
| 720p | 958.9MB | Download | |
| 720p | 958.9MB | Download |