
ဒီဇာတ်ကားလေးကတော့ 1957 မှာ ထွက်ရှိခဲ့တဲ့ အချစ်ဇာတ်မြူး ကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ နာမည်ကျော် ပလေးဘွိုင်း တစ်ယောက်ဖြစ်တဲ့ နစ်ကီတစ်ယောက် သူ့ရဲ့ ဇနီးလောင်း သူဌေးမကြီးနဲ့ လက်ထပ်ဖို့ အမေရိကကို သင်္ဘောနဲ့ ပြန်လာတာကနေ စထားပါတယ်။ အပိုးမကျိုးနိုင်သေးတဲ့ နစ်ကီဟာ သင်္ဘောပေါ်မှာတွေ့တဲ့ တယ်ရီ ဆိုတဲ့ကောင်မလေးကို လိုက်ပိုးပန်းပါတော့တယ်။ တယ်ရီ မှာကလည်း ငါးနှစ်တာလက်တွဲခဲ့တဲ့ ချစ်သူရှိနေတာမလို့ အစကတော့ ငြင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ နှစ်ယောက်လုံး ကိုယ်စီ လက်ထပ်ဖို့ရည်ရွယ်ထားသူတွေရှိနေပေမယ့် အချင်းချင်း ချစ်မိသွားကြပါတယ်။ သူတို့ရဲ့ မဖြစ်သင့်တဲ့ အချစ်ကို သူတို့တွေ ဘယ်လိုကိုင်တွယ်ကြမလဲ သူတို့ရဲ့ လက်ရှိချစ်သူတွေနဲ့ ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာကို ဒီရုပ်ရှင်ကားလေးထဲမှာ ကြည့်ရှုခံစားပေးကြပါဦး။ File size…(1.8 GB)/(790 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:55:00 Genre… Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro