
Unknown: The Lost Pyramid (2023) IMDb – 6.7 2023 ခုနှစ်အတွက် Netflix ထုတ် History Documentary ရုပ်ရှင်အသစ်စက်စက်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အီဂျစ်နိုင်ငံ၊ ဆီခါရာဒေသမှာ ရှိနေတဲ့ သဲကန္တာရကတော့ အီဂျစ်ရှေးဟောင်းသုတေသနညာရှင်တွေအတွက် မျက်စိကျစရာနေရာတစ်ခုပါ။ အီဂျစ်နိုင်ငံရဲ့ ရှေးဟောင်းယဉ်ကျေးမှုဝန်ကြီးဟောင်းတစ်ဖြစ်လဲ ကမ္ဘာကျော် ဂန္တဝင် ရှေး/သု ပညာရှင်ကြီးတစ်ယောက်ဖြစ်တဲ့ ဒေါက်တာ ဇာဟီ ဟာဝါ့စ် ကတော့ ဆီခါရာဒေသရဲ့ ကန္တာရထဲမှာ သူအနှစ်နှစ် အလလ မက်ခဲ့ရတဲ့အိပ်မက်ထဲက ဟူနီဘုရင်ရဲ့ ပျောက်ဆုံးနေတဲ့ ပိရမစ်ကြီးကို ရှာဖွေတူးဖော်နေပါတယ်။ တစ်ချိန်ထဲမှာပဲ သူ့တပည့်လည်းဖြစ် ပြိုင်ဘက်လို့လည်း ပြောလို့ရတဲ့ ကမ္ဘာကျော် ရှေး/သု ပညာရှင် ဒေါက်တာ မိုစတာဖာ ဝါဇီရီက ရှေးဟောင်းသင်္ချိုင်းမြေမှာရှိနေပြီး ဖောက်ထွင်းမခံရသေးတဲ့ ဂူသင်္ချိုင်းတွေကို လိုက်လံတူးဖော်နေပါတယ်။ တစ်နှစ်မှာ အချိန် (၉) လပဲတူးလို့ရပြီး ရာသီဥတုကြောင့် (၃) လတိတိ တူးလို့မရပဲနားထားရတဲ့ သဲကန္တာရအခြေအနေမျိုးမှာ ကမ္ဘာကျော် ရှေး/သု ပညာရှင်ကြီးနှစ်ယောက်၊ ဘယ်သူက သမိုင်းတွင်မဲ့ ရှာဖွေတွေ့ရှိမှုကြီးကို အရင်ဖော်ထုတ်ပြနိုင်မလဲဆိုတာကို ကြည့်ရှူကြရမှာပဲဖြစ်ပါတယ်။ 2022 ခုနှစ်ကမှ အသစ်ထပ်မံ တွေ့ရှိထားတဲ့ မံမီရုပ်အလောင်းတွေနဲ့ ဝါဇီရီ ကျူစာလိပ်အကြောင်းတွေပါ ပါဝင်တဲ့အပြင် ရှေးခေတ်အီဂျစ်ပြည်ရဲ့ သမိုင်းကြောင်းနဲ့ ယုံကြည်မှုတွေ၊ သဲကန္တာရထဲမှာ ပိရမစ်တွေနဲ့ ဂူသင်္ချိုင်းတွေ ရှာဖွေတူးဖော်ကြပုံကို မှတ်တမ်းရုပ်ရှင်အနေနဲ့ ရိုက်ကူးထားတာဖြစ်လို့ အီဂျစ်နဲ့ ပတ်သတ်တဲ့ မှတ်တမ်းရုပ်ရှင် သဘောကျသူတွေအတွက် အတော်လေးကြည့်လို့ကောင်းစေတဲ့ မှတ်တမ်းရုပ်ရုပ်ကားကောင်းတစ်ကားပါပဲဗျ။ File size… 1.4 GB / 676 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 23m Genre ….. Documentary Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by TMMT
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.4 GB | Download | |
| 1080p | 1.4 GB | Download | |
| 1080p | 1.4 GB | Download | |
| 1080p | 1.4 GB | Download | |
| 1080p | 1.4 GB | Download | |
| 720p | 676 MB | Download | |
| 720p | 676 MB | Download | |
| 720p | 676 MB | Download | |
| 720p | 676 MB | Download | |
| 720p | 676 MB | Download |
ထုတ်လွှင့်သည့်နေ့
July 3, 2023
ကြာချိန်
1h 23m
အဆင့်သတ်မှတ်ချက်
6.7 / 10
Director
Max Salomon