
ဘက်ဆိုတဲ့ကောင်မလေးမှာ ရည်မွန်လှတဲ့ဖရန့်ဆိုတဲ့ဉီးလေးတစ်ယောက်ရှိတယ်... ပညာထူးချွန်တယ်...စာပေဗဟုသုတပြည့်စုံသလို ကြင်နာသနားတတ်တဲ့ဟန်ကြောင့် ဘက်က သူ့ဉီးလေးကို သဘောလည်းကျသလို အားလည်းအားကျတယ်... ခက်တာက ဒီလိုမျိုးဉီးလေးကို ဘက်ရဲ့အဘိုး (ဖရန့်ရဲ့အဖေ)က ခါးခါးသီးသီးပဲ... မိသားစုထဲမှာ ဖရန့်တစ်ယောက်ကိုပဲ အဘိုးဖြစ်သူက လျှစ်လျူရှုထားတာ...မိသားစုဝင်တော်တော်များများကလည်း အဖေနဲ့သားကြားက ြပဿနာကို အတိတ်နိုင်ဆုံးထိန်းညှိရင်း မသိချင်ယောင်ပဲဆောင်နေကြတယ်.... ဒီလိုနဲ့ဖရန့်လည်း တခြားမြို့တစ်မြို့မှာ ပါမောက္ခအဖြစ်နဲ့အသက်မွေးနေလေရဲ့...အဲ့ဒီမြို့မှာပဲ သူ့တူမလေး ဘက်က ကျောင်းတက်နေတယ်...၄နှစ်အကြာမှာတော့ ဖရန့်ရဲ့အဖေဆုံးလို့ ဇာတိမြို့လေးကို ပြန်ဖို့အကြောင်းဖန်လာတယ်.. တူဝရီး(၂)ယောက်တူတူပြန်ကြတာပေါ့...အဲ့ဒီနောက်မှာတော့ ဖရန့်ရဲ့ မိသားစုမယ် ဖယ်ကျဉ်ခံထားရတဲ့အကြောင်းတွေကို တစ်စ တစ်စ သိလာရပါတော့တယ်... ဒီကားက Dramaဖြစ်နေပြီး အညွှန်းအရ အနည်းငယ်ဇာတ်အေးကြီးလို့ထင်ရပေမဲ့ ဒီဇာတ်ကားထဲကလို ြဖစ်စဉ်တွေ ကျွန်တော့်တို့ နိုင်ငံမိသားစုဝင်တွေအများကြီးမှာဖြစ်နေရတာပါ.. ကျွန်တော်တို့လက်တစ်ကမ်းအကွာမှာပဲ ဒီလိုမျိုးတွေကြုံတွေ့နေရပါတယ်... ခံစားကြည့်ကြပါဉီးဗျို့... File Size :(884MB) and (331MB) Quality : WEB-DL 720p Format…mp4 Duration…01:35:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Khine Khine Wai Encoded by Phyo Pyae
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download | ||
| 720p | Download |
ထုတ်လွှင့်သည့်နေ့
November 25, 2020
ကြာချိန်
1h 35m
အဆင့်သတ်မှတ်ချက်
7.4 / 10
Director
Alan Ball