
Live Actionအနေနဲ့ ရိုက်ကူးမယ်ဆိုတဲ့ သတင်းထွက်ကတည်းက Video Gameဖန်တွေ အကြီးအကျယ် hypeခဲ့ရသလို Cast list ထွက်လာတော့လည်း ဝေဖန်သုံးသပ်မှုအမျိုးမျိုးနဲ့ ကားမထွက်ခင် ပွဲတော်တော်ဆူခဲ့တဲ့ Uncharted ဇာတ်ကားသစ်ရပါပြီ။ Columbia Picturesကနေ ရိုက်ကူးရုံတင်နေတာဖြစ်ပြီး Cast တွေအနေနဲ့ Tom Hollandနဲ့ Mark Whalbergတို့က ဂိမ်းထဲက ဇာတ်ဆောင်တွေဖြစ်တဲ့ Nate Drakeနဲ့ Victor Sullivanအဖြစ် အသီးသီး သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်၊ Uncharted ဂိမ်း franchiseထဲက ၄ခုမြောက်ဖြစ်တဲ့ Uncharted 4 - A Thief's End ကို ကျောရိုးတည်ထားကြောင်း Executive Producerဖြစ်တဲ့ Tom Hollandကပြောထားပါတယ်။ ငယ်စဉ်ကတည်းက အစ်ကိုဖြစ်သူ ဆမ်ဒရိတ်နဲ့ ကွဲသွားတဲ့ နိတ်ဒရိတ်ဟာ Bartenderတဖြစ်လဲ လူကုံထံတွေဆီက အလစ်သုတ်ရင်း အသက်မွေးလာခဲ့သူပါ၊ တစ်နေ့မှာ ဆမ်ရဲ့မိတ်ဆွေ ဆိုသူ ဗစ်တာဆူလီဗန်က နိတ်ဆီရောက်လာပြီး ကမ္ဘာ့ပထမဆုံးနယ်မြေ စူးစမ်းရွက်လွှင့်သူ ဖာဒီနန်မက်ဂျဲလန်၊ ကပ္ပတိန် ဟွမ်ဆီဘက်ရှန် အယ်ကာနိုအပါအဝင် သင်္ဘောသား ၁၈ ယောက်ရဲ့ ပျောက်ဆုံးနေသော ရွှေသိုက်ကြီးကို ရှာဖွေဖို့ လာခေါ်ပါတယ်။ ကာလတန်ကြေး ၅ဘီလီယံအနည်းဆုံးရှိတဲ့ အဆိုပါရွှေသိုက်ကြီးကို နိတ်တို့အပြင် ဆန်တီယာဂိုမွန်ကာဒါဆိုတဲ့ စပိန်သူဌေးတစ်ဦးကလည်း လိုချင်နေရာ နိတ်ဒရိတ်တို့၂ယောက် မွန်ကာဒါရဲ့ရန်ကိုရှောင်ရင်း ရတနာသိုက်ကိုရှာတွေ့နိုင်မလား၊ ရွှေတွေရသွားမလား၊ နိတ်တစ်ယောက် အစ်ကိုဖြစ်သူဆမ်နဲ့ ပြန်တွေ့နိုင်မလားဆိုတာကို Action,Adventureဆန်ဆန် ကြည့်ရှူရမှာပါ။ အညွှန်းကိုတော့ JimX က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ JimX, Thiha Yan Naing, Yoon Sandi Aung တို့ပဲ ဖြစ်ပါတယ်။ Genre.....Action, Adventure Quality….WEB-DL 1080p and 720p and 480p File size…1.89GB and 845MB and 300MB Format…mp4 Duration….1h 56min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX, Thiha Yan Naing, Yoon Sandi Aung Encoder ..... August
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 720p | Download | ||
| 1080p | Download | ||
| 720p | Download |