
Original Title – Dua Garis Biru Genre – Drama IMDB – 7.8/10 ရုပ်ရှင်နာမည်က အပြာရောင်မျဉ်းလေး ၂ ချောင်းတဲ့၊ ဒီ အပြာရောင်မျဉ်းလေး ၂ ချောင်းဆိုတာ တချို့အတွက် နိဗ္ဗာန်ဖြစ်သွားနိုင်သလို တချို့အတွက်လည်း ငရဲလိုမျိုး ဖြစ်သွားစေနိုင်တဲ့အရာတစ်ခုပါ၊ ဟုတ်ပါတယ် ကိုယ်ဝန်စစ် ဆေးတံက အပြာရောင်မျဉ်းလေး ၂ ချောင်းကို ပြောတာပါ။ ဒီ အင်ဒိုနီးရှားကားလေးက လိင်ကိစ္စပညာပေးအနေနဲ့ရော မိဘအုပ်ထိန်းမှုတွေကိုရော ပညာပေးချင်တဲ့ ကားကောင်းလေး တစ်ကားပါ။ သူတို့နိုင်ငံက ပေးအပ်တဲ့ ရုပ်ရှင်ဆုတွေလည်း တော်တော်များများ ရရှိထားတာကို တွေ့ရပါတယ်။ အသက် ၁၇ အရွယ် စုံတွဲလေးတစ်တွဲ အရာအားလုံးကို မေ့လျောပြီး ကမ္ဘာကြီးကို မမှုပဲ သိပ်ချစ်ကြတယ်ပေါ့ မိဘတွေရဲ့ မအားလပ်မှု အချိန်မပေးနိုင်မှုရဲ့ ပေါ့လျော့မှုအောက်မှာ ဒီကလေး နှစ်ယောက်ဟာ အရွယ်မတိုင်ခင် ချစ်သူရည်းစားတွေ ကြုံလာရမယ့် စည်းတစ်ခုကို ငယ်ငယ်ရွယ်ရွယ် အကာအကွယ်မရှိ ကျူးလွန် မိလိုက်ကြပါတော့တယ်။ နောက်ဆက်တွဲ ဘာဖြစ်မလဲဆိုတာ လူတိုင်းသိပါတယ် ကလေးမလေး ကိုယ်ဝန်ရှိလာမယ် အဲဒါကို နှစ်ဖက်မိဘတွေ သိသွားကြပြီး ပြဿနာတွေ ကြုံလာကြတယ်ပေါ့၊ ကောင်လေးဖက်က ဆင်းရဲတယ် ကောင်မလေးဖက်က ချမ်းသာ တယ်၊ ဒီလိုမျိုး မတူညီတဲ့ မိသားစုနှစ်ဖက်ကြားမှာ ဒီ ငယ်ရွယ်တဲ့ ကလေးနှစ်ယောက် ဘယ်လိုမျိုး တာဝန်ဝတ္တရားတွေယူပြီး ဘယ်လိုတွေ ဖြေရှင်းကြမလဲ၊ မိဘတွေကလည်း ဘယ်လိုဖြေရှင်း ကြမလဲ၊ ပြဿနာ ဘာတွေတက်မလဲဆိုတာကို ပညာပေးအနေနဲ့ရော လူမျိုးဘာသာ ယဉ်ကျေးမှုတွေနဲ့ရော ကောင်းကောင်းရိုက်ကူးထားတဲ့ ဒရမ်မာကားကောင်းလေးတစ်ကားပါ။ ဒီကားလေးကို ကြည့်ခြင်းအားဖြင့်လည်း ကလေးတွေကို လိင်ပညာ ပေးကိစ္စတွေ သင်ပေးရမှာတွေ မိဘတွေအနေနဲ့ အလုပ်များပြီး ကလေးကို မကြည့်ရှုနိုင်လို့ ဖြစ်လာနိုင်မယ့် နောက်ဆက်တွဲတွေ ဆယ်ကျော်သက်တွေရဲ့ စိတ်နေစိတ်ထား သဘာဝလေးတွေ စသဖြင့် ပညာလည်း ရစေနိုင်မယ့် အင်ဒိုနီရှား ကားကောင်းလေး ဖြစ်ပါတယ်၊ သရုပ်ဆောင်လေးတွေဆိုလည်း ငယ်ကြသေးပေမဲ့ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ထားကြပြီး ဇာတ်ပို့တွေကလည်း တော်တော်ကောင်း ကြပါတယ်။ ဇာတ်လမ်းကတော့ မြန်မာကားတွေလို ခပ်ဆင်ဆင်ဆိုပေမဲ့ သူ့နည်းသူ့ဟန်နဲ့ပဲ အာရှမိသားစုလောကကို ဖော်ကျူးထားတဲ့ပုံစံမျိုးပါ။ File size…1.89GB / 772MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 53m Genre ..... Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung
ဒေါင်းလုပ်လင့်ခ်များမရှိသေးပါ
ထုတ်လွှင့်သည့်နေ့
July 11, 2019
ကြာချိန်
1h 52m
အဆင့်သတ်မှတ်ချက်
7.2 / 10
Director
Gina S. Noer