
သရဲကား ကြိုက်နှစ်သက်သူတွေအတွက် အသစ်ထွက်ရှိလာတဲ့ Trinket Box ဆိုတဲ့ သရဲကားလေးကို တင်ဆက်ပေးလိုက် ပါတယ်။သရဲကား အမျိုးအစားတွေထဲကမှ ပြောရမယ်ဆိုရင် ဒီကားက ဖြဲခြောက်တာမျိုးမဟုတ်ဘဲနဲ့ စိတ္တဇဆန်ဆန် ခြောက်ခြားစရာကောင်းအောင် ရိုက်ကူးထားတဲ့ကားမျိုးပဲ ဖြစ်ပါတယ်။ပြီးတော့ သရဲခြောက်ရတဲ့ အကြောင်းအရင်းက အမေရိကန်မှာ ဘိုးဘေးဘီဘင် ခေတ်အဆက်ဆက် ကတည်းဖြစ်တည်လာခဲ့တဲ့ လူဖြူလူမည်းလူမျိုးရေးခွဲခြားမှုကို အခြေခံပြီး ဖြစ်လာရတာပဲဖြစ်ပါတယ်။ လူဖြူကောင်မလေးနဲ့ လူမည်းကောင်လေးတို့က ကောင်မလေးရဲ့ အိမ်ထဲမှာ တိုးတိုးတိတ်တိတ် မိဘတွေမသိအောင်ချိန်းတွေ့ ကြည်နူး သာယာတစ်တီတူးနေတုန်း ကောင်မလေးရဲ့ အဖေဖြစ်သူ အိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။ဖြစ်ချင်တော့ ကောင်မလေးရဲ့ အဖေကလူမည်းတွေကို အရမ်းမုန်းတီးနေသူဖြစ်တဲ့အတွက် ကောင်လေးကို မရမကလိုက်ဖမ်းပြီး အပီအပြင်တွယ်ပါ တော့တယ်။ခွေးတောင်မှ ချောင်ပိတ်ခံရရင် ပြန်ကိုက်သလို သူလည်းကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပါတဲ့ ဓားနဲ့ယမ်းလိုက်တာ ကောင်မလေးအဖေ သေသွားပါတော့တယ်။ဒီလိုနဲ့ နောက်ပိုင်း သူတို့နေတဲ့ အိမ်ထဲမှာခြောက်ခြားစရာတွေဖြစ်လာပြီး အခုခေတ် အချိန်ကာလကို ရောက်လာပါတော့တယ်။အခုလည်း အဲ့ဒီအိမ်မှာ လူဖြူကောင်မလေးနဲ့ လူမည်းကောင်မလေးလင်မယား နှစ်ယောက်ပြောင်းရွှေ့နေထိုင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဘ၀လေးက ပျော်ရွင်စရာလေးဆိုပေမဲ့ မစ္စဒေးဗစ်လို့ခေါ်တဲ့ လူမျိုးရေးခွဲခြားတဲ့ အဖွားကြီးတစ်ယောက်က အတင်းတွေအိမ်ကို လာမိတ်ဆက်ပြီး လည်ဆွဲလေးတစ်ခုကို လက်ဆောင်ပေးခဲ့ပြီးနောက်မှာ သူတို့လင်မယားဘ၀မှာ ထူးဆန်းမှုတွေ ပြည့်နှက်လာပြီး အဲ့ဒီလည်ဆွဲကရော ဘာတွေထူးခြားနေလဲဆိုတာကိုကြည့်ရမဲ့ Horror/Thriller ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1GB/ 427MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1GB | Download | |
| 1080p | 1GB | Download | |
| 1080p | 1GB | Download | |
| 720p | 427MB | Download | |
| 720p | 427MB | Download | |
| 720p | 427MB | Download | |
| 720p | 427MB | Download | |
| 720p | 427MB | Download |