
The Surrender (2025) IMDb Rating (5.7) / Rotten Tomatoes (80%) ကိုယ့်မိဘ၊ ကိုယ့်မိသားစု၊ ကိုယ်ချစ်ရတဲ့သူ သေသွားလို့ အစီအရင်တွေနဲ့ အသက်ပြန်သွင်းလို့ရမယ်ဆို သွင်းမှာလား။ ဒီဇာတ်ကားလေးမှာတော့ The Boys စီးရီးက ကျားကြီးကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး ဖြစ်သွားတဲ့ အက်ရှလေနေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသမီး ကိုဘီ မနီဖီက လက်စွမ်းပြထားပါတယ်။ ဇာတ်လမ်းအကျဉ်း မီဂန်ဟာ နယူးရော့ခ်မှာ ကျောင်းတက်နေရင်းက ကင်ဆာဖြစ်နေတဲ့ အဖေဖြစ်သူ ရောဘတ်က အခြေအနေမဟန်တော့တာကြောင့် ဇာတိမြို့ကလေးကို ပြန်လာခဲ့ပါတော့တယ်။ သူမရဲ့အမေဖြစ်သူ ဘာဘရာလည်း လင်ဖြစ်သူကို ပြုစုရလွန်းလို့ စိတ်ထောင်းကိုယ်ကြေဖြစ်လို့နေရှာပါတယ်။ တစ်ညမှာတော့ သူတို့နှစ်ယောက်သား ဆေးတိုက်ရမဲ့အချိန် အမှတ်မှားပြီး နှစ်ခါတိုက်မိသလို ဖြစ်သွားခဲ့ပါတယ်။ ဘာမှမဖြစ်လောက်ဘူးထင်ပြီး နှစ်ယောက်သား အိပ်လိုက်ရာက မနက်နိုးလာချိန်မှာ ရောဘတ်က အသက်မရှိတော့ပဲ အေးစက်မာတောင့်နေပါပြီ။ လောကီရေးရာတွေ လေ့လာလိုက်စားတဲ့ ဘာဘရာဟာ ရောဘတ်သေတာကို ဖြည်မဆည်နိုင်ပဲ သူမရဲ့ ဝါသနာတူမိတ်ဆွေ ဒက်ဘရာညွှန်းပေးတဲ့ အမည်မသိလူတစ်ယောက်ကို ဆက်သွယ်ပြီး သူမဟာ သူ့ယောက်ျား ရောဘတ်ကို အသက်ပြန်သွင်းဖို့ ကြိုးစားပါတော့တယ်။ သမီးဖြစ်သူ မီဂန်ကလည်း အယုံအကြည်မရှိပေမဲ့ သူ့အမေ စိတ်ဖြတ်နိုင်အောင် လိုက်လျောပြီး လုပ်ပေးပါတော့တယ်။ ဒီတော့ ဒက်ဘရာ ညွှန်းပေးတဲ့သူက ဘယ်သူလဲ၊ အောက်လမ်းလား အထက်လမ်းလား၊ မီဂန်ရယ်၊ ဘာဘရာရယ် ထူးဆန်းတဲ့လူကြီးရယ် သုံးယောက်သား ဘယ်လိုများ အသက်ပြန်သွင်းကြမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Matteo ဖြစ်ပါတယ်။) File size… (1.6 GB) / (730 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Horror, Thriller Duration…. 01:38:04 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Matteo
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.6 GB | Download | |
| 1080p | 1.6 GB | Download | |
| 1080p | 1.6 GB | Download | |
| 1080p | 1.6 GB | Download | |
| 720p | 730 MB | Download | |
| 720p | 730 MB | Download | |
| 720p | 730 MB | Download | |
| 720p | 730 MB | Download | |
| 720p | 730 MB | Download | |
| 720p | 730 MB | Download |