
"သစ်ပင်မရှိတဲ့ တောင်" ဆိုတဲ့ ဇာတ်ကားနာမည်လေးအတိုင်းပဲ အမေမရှိတဲ့ ကလေးတွေရဲ့ဘဝဟာ သစ်ပင်မရှိတဲ့ တောင်လို အကာအကွယ်မဲ့ဖြစ်ရတတ်ကြောင်းကို ဒီကားလေးထဲမှာ တင်ဆက်ပြသထားပါတယ်... ဂျင် နဲ့ ဘင် ဆိုတဲ့ ကလေးမလေးနှစ်ယောက်ဟာ အမေဖြစ်သူနဲ့အတူ ဟောင်းနွမ်းနေတဲ့တိုက်ခန်းကျဥ်းလေးထဲမှာ နေထိုင်ကြပါတယ်။ တစ်ရက် ကလေးတွေရဲ့အမေဟာ အဝေးရောက်နေတဲ့ ခင်ပွန်းကိုသွားရှာဖို့အတွက် လူမမည်ကလေးနှစ်ယောက်ကို အဒေါ်ဖြစ်သူရဲ့အိမ်မှာ သွားအပ်ထားဖို့ဖြစ်လာခဲ့ပါတော့တယ်။ ကလေးတွေအတွက် ဝက်ရုပ်စုဘူးလေးပေးခဲ့ပြီး အဲ့ဒီစုဘူးလေးပြည့်တဲ့နေ့ ပြန်လာခဲ့မယ်ကတိပေးပြီး ထွက်သွားပါတယ်။ အဒေါ်ဖြစ်သူဟာ အရက်စွဲနေတဲ့သူဖြစ်ပြီး ကလေးတွေကို သေချာဂရုမစိုက်နိုင်လို့ ဂျင် နဲ့ ဘင် ဟာ သူတို့ဘာသာပဲ နှံကောင်လေးတွေလိုက်ဖမ်းလိုက်၊ ကင်ပြီးရောင်းလိုက်နဲ့ ရသမျှငွေလေးတွေကို စုဘူးလေးထဲဖြည့်ရင်း အမေပြန်အလာကို စောင့်မျှော်နေကြပါတယ်။ တစ်ချိန် ဝက်ရုပ်စုဘူးလေးပြည့်သွားတဲ့နေ့ ကတိအတိုင်း အမေဖြစ်သူ ပြန်လာခေါ်ပါ့မလား...အမေပြန်မလာခဲ့ရင်ရော ကလေးနှစ်ယောက် ရှေ့ဆက်ဘာဖြစ်သွားကြမလဲဆိုတာ ဒီကားလေးထဲမှာ ဆက်လက်ရှုစားကြည့်လိုက်ရအောင်နော်~ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Ei Phyu Khin ပါ) File Size : (1.1GB) & (370MB) Quality : 720p HDTV & 480p Format : mp4 Duration : 1hr & 29mins Genre : Drama Translated by Ei Phyu Khin Encoded by Kinnov