
'ပျော့ရင်ဖယောင်း၊ မာရင်သံချောင်း' ... ဒီကားလေးကတော့ ဘူဆန်မြို့က Kang Chul ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ကူးပြသထားတဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ Kang Chul အဖြစ် Yoo Ah In က သရုပ်ဆောင်ထားပြီး Kim Hae Sook, Jung Yumi တို့အပြင် အခြားသောနာမည်ကြီး သရုပ်ဆောင်များလည်း အားဖြည့်ပါဝင်ထားကြပါတယ်။ Kang Chul ဆိုတဲ့ကောင်လေးဟာ ဘူဆန်မြို့ရဲ့ ဆိပ်ကမ်းမှာ ရေခဲလုပ်သားအဖြစ်လုပ်ကိုင်နေတဲ့ အခြေခံလုပ်သားလေးတစ်ဦးပဲ ဖြစ်ပါတယ်။ အထက်တန်းကျောင်းမှာတုန်းက ဖိုက်တာတစ်ယောက် ဖြစ်ခဲ့ပေမယ့်လည်း ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းရင်းနဲ့ အယ်ဇိုင်းမားရောဂါသည် မိခင်ကို ပြုစုစောင့်ရှောက်ရင်း နေထိုင်နေခဲ့ပါတယ်။ သာယာနေတဲ့ ဘဝလေးထဲကို တစ်နေ့မှာတော့ အမေဖြစ်သူရဲ့ ရောဂါအခြေအနေဆိုးရွားလာမှုကြောင့် ခွဲစိတ်ဖို့ ငွေအရေးပေါ်လိုအပ်လာခဲ့ပြီး သူငယ်ချင်းဖြစ်သူရဲ့ အချိတ်အဆက်နဲ့ ဘူဆန်ရဲ့မြေအောက်လောက ဂိုဏ်းကဏ္ဍတွေမှာ ပါဝင်ပတ်သတ်မိသွားတဲ့အချိန်မှာတော့ ပြန်ရုန်းထွက်နိုင်ဖို့ လွယ်ကူပါဦးမလား၊ မိခင်ကိုရော ကယ်တင်နိုင်ပြီး လွတ်မြောက်သွားနိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ကိုရီးယားကားတွေရဲ့ ဇာတ်အိမ်၊ ဇာတ်လမ်းတည်ဆောက်ပုံကောင်းမှုကတော့ အာရှမှာ အိန္ဒိယပြီးရင် ဒုတိယနေရာကနေလိုက်တယ်လို့တောင် ပြောလို့ရပါတယ်။ Action ရော Drama ကိုပါ မျှမျှတတတည်ဆောက်ထားပြီး ကြည့်ရှုသူတွေကို နောက်ဆုံးအထိ ဆွဲခေါ်သွားနိုင်တဲ့ ကားကောင်းတစ်ကားဖြစ်တာမို့ ကြည့်ရှုအားပေးကြပါဦးလို့ တိုက်တွန်းလိုက်ရပါတယ်။ ( အညွှန်းရေးသားထားသူကတော့ 88 ပါ ) File Size__(1.9GB) / (990MB) Quality__1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__01:48:00 Type__Action, Drama, Family Subtitle__Myanmar Subtitle (Hardsub) Translated by Htet Nandar Aung Encoded by Naing Aung Latt
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |