
IMDb – 8/10 ဂန္တဝင်ရုပ်ရှင် Citizen Kane ကို ရိုက်ကူး၊ သရုပ်ဆောင်ခဲ့တဲ့ ဒါရိုက်တာ Orson Welles ရိုက်ကူးထားပြီး ၁၉၅၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားက Noir/ Thriller အမျိုးအစား မှုခင်းရုပ်ရှင်ဖြစ်ပါတယ်။ Ten Commandments မှာ Moses အဖြစ်၊ Ben Hur ရုပ်ရှင်မှာ Ben Hur အဖြစ် အဓိကဇာတ်ကောင်နေရာတွေကနေ သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Charlton Heston က ဒီဇာတ်ကားမှာ မက္ကဆီကန်အရာရှိ Vargas အဖြစ် အဓိကသရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ မက္ကဆီကိုနဲ့ အမေရိက နယ်စပ်အနားက မြို့လေးတစ်မြို့မှာ ကားဗုံးပေါက်ကွဲမှုတစ်ခု ဖြစ် သွားပါတယ်။ မက္ကဆီကန် မူးယစ်အရာရှိတစ်ဦးဖြစ်တဲ့ Miguel Vargas နဲ့ အမေရိကန်စုံထောက်အရာရှိ ကပ္ပတိန် Hank Quinlanတို့ ဒီအမှုကို အတူစုံစမ်းဖော်ထုတ်ကြရာမှ နှစ်ဦးကြား ပဋိပက္ခတွေဖြစ်ပွားလာပြီး တစ်ချိန်တည်းမှာ Vargas ရဲ့ ဇနီး Susan ကိုလည်း Vargas ရဲ့ရန်သူ Grandi မိသားစုက ဒုက္ခပေးဖို့ ကြံစည်လာပါတာ့တယ်။ ဒီဇာတ်ကားကို ရိုက်ကူးတဲ့ ဂန္တဝင်ဒါရိုက်တာကြီး Orson Welles က ရဲအရာရှိကြီး Hank Quinlan နေရာမှာ သရုပ်ဆောင်ထားပါတယ်။ အဖြူအမည်းရုပ်ရှင်ကိုမှ Noir အမျိုးအစားဖြစ်ပေမဲ့ Thriller ဇာတ်လမ်းပီပီ ဆွဲဆောင်မှုရှိတဲ့ ဇာတ်အိမ်နဲ့အတူ Orson Welles ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။ ၁၉၉၈ မှာ Universal က ဒီရုပ်ရှင်ကို ဗားရှင်းအသစ်နဲ့ ပြန်လည်ထုတ်လွှင့်ခဲ့ပါသေးတယ်။ File size…(1.9 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:35:00 Genre… Film Noir, Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.9 GB | Download | |
| 1080p | 1.9 GB | Download | |
| 1080p | 1.9 GB | Download | |
| 1080p | 1.9 GB | Download | |
| 720p | 1.5 GB | Download | |
| 720p | 1.5 GB | Download | |
| 720p | 1.5 GB | Download | |
| 720p | 1.5 GB | Download | |
| 720p | 1.5 GB | Download | |
| 720p | 1.5 GB | Download |