
အလယ်ခေတ်ကလူတစ်ယောက် တောအုပ်ထဲကနေပြေးထွက်လာပြီး ကားလမ်းအလယ်မှာ သေဆုံးသွားတာနဲ့စတင်ထားပါတယ်။ ပြီးတော့ အဲ့အလောင်းကို အိုင်တီစီက မတော်တဆမှုတစ်ခုအဖြစ်ဖန်တီးလိုက်ပါတယ်။ နောက်တော့ ပရောဖက်ဆာ ဂျွန်စတန် နဲ့ သူ့ရဲ့ ရှေးဟောင်းတူးဖော်မှုအဖွဲ့ရဲ့ အလယ်ခေတ် ပြင်သစ်နဲ့အင်္ဂလိပ်တို့ရဲ့ တိုက်ပွဲနေရာမှာ တူးဖော်မှုတွေပြုလုပ်နေခဲ့ပါတယ်။ တူးဖော်မှုတွေပြုလုပ်နေရင်း တစ်နေ့မှာတော့ ပရော်ဖက်ဆာရဲ့ မျက်မှန်၊ လက်ရေးမှုနဲ့အကူအညီတောင်းထားတဲ့ စာကို ကိတ် နဲ့ မရက် ကထူးဆန်းစွာရှာဖွေတွေ့ရှိသွားပါတယ်။ ပရော်ဖက်ဆာရဲ့ အဖွဲ့က ရှာတွေ့ထားတာတွေကို ကာဗွန်သက်တမ်းစစ်ကြည့်လိုက်တော့ နှစ်ပေါင်း ၆၀၀ လောက်သက်တမ်းရှိနေပြီဆိုတာကို သိလိုက်ရတယ်။ အဲ့ဒီအခါမှာ ပရော်ဖက်ဆာရဲ့သား ခရစ် နဲ့ သူ့အဖွဲ့က သူ့အဖေကိုလိုက်ရှာဖို့ အကြောင်းဖန်လာပါတော့တယ်။ အိုင်တီစီကို သွားပြီး သူ့အဖေကို ဘာလုပ်လိုက်လဲဆိုတာကို အဖြေရှာပါတော့တယ်။ ဇာတ်ကားရဲ့ နာမည် Timeline ဆိုတဲ့အတိုင်း ဒီနေ့ခေတ်နဲ့ အလယ်ခေတ် ကို အသွားအပြန်လုပ်ရင်း ခရစ်တစ်ယောက် သူ့အဖေကိုရော ပြန်ရှာပြီး ကယ်တင်နိုင်ပါမလား ဆိုတာတော့ ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှု့လိုက်ကြပါခင်ဗျာ ဒီဇာတ်လမ်းထဲမှာတော့ ပရော်ဖက်ဆာရဲ့သား ခရစ် အဖြစ်နဲ့ သရုပ်ဆောင်ထားတဲ့ ကျွန်တော်တို့ရဲ့ အချစ်တော် fast and furious မင်းသား Paul Walker ကိုအလွမ်းပြေတွေ့ရမှာပါ File Size :(3.2GB) (1.1GB) and (371MB) Quality : Blu-Ray 1080p5.1Ch,720p Format…mp4 Duration…01:56:00 Genre : Action ,Adventure, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Proxy Encoded by Phyo Pyae