
Through My Window: Across the Sea(2023) ***************************************** Wifiတစ်ခုအစပြုပြီး ဖြစ်ပေါ်လာတဲ့ အချစ်ရေးကိုပုံဖော်ထားတဲ့ Trough My Windowဟာ ဒုတိယတစ်ကားထွက်ရှိလာပါပြီ။ ပထမတစ်ကားမှာတော့ ပေါ့ပေါ့ပါးပါးလူငယ်အချစ်ကားဖြစ်တာနဲ့အညီ ပရိတ်သတ်အကြိုက်တွေ့ခဲ့ကြပါတယ်။ ဒုတိယတစ်ကားမှာရော ဘယ်လိုတွေ ဇာတ်လမ်းဆက်ထားမလဲ... ဘယ်အချစ်ရေးမဆို အစပိုင်းတော့ ပျော်ရွှင်စရာတွေပြည့်နှက်နေတာချည်းပါပဲ။ နောက်တော့မှသာ ကိုယ်မသိတဲ့သူ့အကျင့်စရိုက်ပေါ်လာတာတွေ၊ မိသားစုအခြေအနေ၊ ပတ်ဝန်းကျင်အခြေအနေ စတာတွေကြောင့် အစပိုင်းလောက်တော့ ပျော်ရွှင်စရာအတိ ဘယ်ဟုတ်ပါတော့မလဲ။ Raquelနဲ့ Aresတို့ရဲ့အချစ်ရေးမှာလဲ ပျားရည်ဆမ်းတဲ့ အချစ်ခရီးလမ်းအစပြီးနောက်မှာ စိန်ခေါ်မှုတွေ ကြုံတွေ့ရပါတော့တယ်။ Aresဟာ Raquelရဲ့ ဖျောင်းဖျမှုနဲ့ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ဆေးကျောင်းသွားတက်ပါတယ်။ အထက်တန်းကျောင်းကနေ တက္ကသိုလ်ဘဝကို ကူးတဲ့အချိန်က ထင်သလောက်မလွယ်ကူတဲ့အပြင် နိုင်ငံရပ်ခြားမှာ ကျောင်းတက်ရတာက ပိုလို့တောင်ခက်ခဲပါသေးတယ်။ အခုခေတ်လို ပေါပေါပဲပဲရနေတဲ့ အချစ်တွေကြားမှာ long distance relationship ကလည်း နောက်ထပ် စိန်ခေါ်မှုတစ်ရပ်ပဲပေါ့။ ကျောင်းပိတ်ရက်ရောက်လို့ Aresအိမ်ပြန်လာတဲ့အချိန်မှာ သူတို့ကြားကဝေးကွာမှုဟာ အချစ်စစ်တစ်ခုကို စမ်းသပ်မှုဖြစ်လာတဲ့အခါ.... လူငယ်အချစ်ကားဖြစ်တာကြောင့် sexအခန်းများစွာပါဝင်တဲ့အတွက် မိသားစုနဲ့အတူကြည့်ဖို့ မသင့်တော်ပါခင်ဗျာ။ File Size : 1.5GB, 707MB Quality : WEB-DL 1080p, 720p Format : mp4 Duration : 1hr 49mins Genre : Romance, Drama Translated by Jane Encoded by Phyo Pyae