
ဆယ်ကျော်သက် အချစ်ဇာတ်လမ်း ကောင်းကောင်းလေးတွေ ကြိုက်တတ်တဲ့သူတွေအတွက် သိပ်ကောင်းတဲ့ စပိန် ဇာတ်လမ်းလေးလာပါပြီဗျာ။ ခေတ်သစ် စင်ဒရဲလား ဇာတ်လမ်းလေးလို့ ပြောရလောက်တဲ့အထိကို ဇာတ်လမ်းလေးက ဆွဲဆောင်မှု ရှိပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ Hidalgo Mansion မှာနေထိုင်တဲ့ ချမ်းသာတဲ့မိသားစုကြီး တစ်စုရှိပါတယ်။ အကြင်နာ မေတ္တာတွေကို ဘေးဖယ်ထားပြီး စီးပွါးရေးကို ရှေ့တန်းတင်တဲ့ လူချမ်း သာ မိသားစုတစ်စုပေါ့။ အဲဒီမိသားစုမှာမှ ရုပ်ချောချော ခပ်မိုက်မိုက် ညီအစ်ကိုသုံးယောက်ထဲက အလတ်ကောင် Ares Hidalgo ဆိုတဲ့ ကောင်လေး ရှိပါတယ် ဘေးမှာကတော့ Raquel ဆိုတဲ့ အိမ်နီးချင်းမလေး ရှိတာပေါ့လေ။ Raquel တို့ကတော့ သာမန်မိသားစုလေးတစ်စုပါပဲ။ သူမက အလတ်ကောင်ဖြစ်တဲ့ Ares ကို ကြိတ် သဘောကျနေခဲ့ရတာပါ။ ဒီလိုနဲ့ တစ်နေ့တော့ သူတို့နှစ်ဦး နီးစပ်ဖို့ အကြောင်းဖန်လာတာကတော့ wifi ပဲ ဖြစ်ပါတယ်။ စင်ဒရဲလား ဇာတ်လမ်းမှာ မင်းသားလေးနဲ့ စင်ဒရဲလားကို နီးစပ်သွားစေတာက ဖန်ဖိနပ်လေးတစ်ရံဆိုရင် ဒီကားထဲမှာ သူတို့နှစ်ဦးကို နီးစပ်သွားစေတာကတော့ Wifi လိုင်းလေးပဲ ဖြစ်ပါတယ်။ စာရေးဝါသနာပါတဲ့ မနူးမနပ်ကောင်မလေး Raquel နဲ့ အချစ်ဆိုတာကြီးက စီးတဲ့ဖိနပ်တစ်ရံလောက်တောင် တန်ဖိုးမရှိတဲ့ လူချမ်းသာ အသိုင်းအဝိုင်းက Ares တို့ ဘယ်လို နီးစပ်သွားကြမှာလဲ ဆိုတာ ခံစားချက်ရသ အပြည့်အ၀နဲ့ ကြည့်ရမှာ ဖြစ်ပါတယ်။ အိမ်နီးချင်းဆိုတဲ့အခွင့်အရေးကိုအကောင်းဆုံးအသုံးချပြီး crushနေခဲ့တဲ့ Raquel တို့ရဲ့ Wifi Password တစ်ခုအကြောင်းပြုရင်းဖြစ်တည်ခဲ့တဲ့ အချစ်ဇာတ်လမ်းလေးကို ဖော်ကျူးထားတဲ့ ကားလေးပါ။ လူငယ်တို့ရဲ့ အချစ် အလွမ်းအဆွေး တွေကို လူငယ်ဆန်ဆန်ရိုက်ကူးထားတဲ့ စပိန်အချစ် ဒရမ်မာ ဟာသကားလေးဆိုတော့ ကြည့်ရှုရင်း မိမိရဲ့ wifi ကို ခိုးသုံးနေတဲ့ကောင်လေးချောချောရှိနေမလားကြည့်ကြပါဦး လို့။ လူငယ်ဇာတ်ကားဆန်ဆန် nude scene တွေ ခပ်ပါးပါးပုတ်ထားတဲ့ sex scene လေးတွေတော့ ပါတာမို့ မိသားစုနဲ့အတူ ကြည့်ရှူရမယ့် ဇာတ်ကားမဟုတ်ကြောင်း အသိပေးလိုက်ပါရစေ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee, Chuck Chuck တို့ဖြစ်ပါတယ်။) File Size - (1.21 GB) / (605.24 MB) / (272.7 MB) Quality – WebDL - (1080p) / (720p) / (480p) Duration - 1hr 56min Subtitle – Myanmar Hardsub Format – MP4 Genre : Comedy, Drama, Romance Translator – Chit Tee, Chuck Chuck Encoder – San Win Maung
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 720p | Download |