
ဒီကားလေးကတော့ ရှေးခေတ်ကားလေးတွေလို black and white ကားလေးဖြစ်ပြီး အေးဆေးလေးစိတ်ပြေလက်ပျောက် ဇာတ်ကားကြည့်ရင်းအနားယူချင်တဲ့သူတွေအတွက် ကြည့်လိုကောင်းမဲ့ဇာတ်ကားလေးဖြစ်ပါတယ်ဗျ။ ဇာတ်လမ်းလေးကတော့ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ကားလေးဖြစ်တာကြောင့် ကြည့်နေရင်းမသိလိုက်ခင်မှာပဲ အာရုံကိုဖမ်းစားနိုင်တဲ့ ဇာတ်ကားကောင်းလေးပဲဗျ။ ဇာတ်လမ်းလေးရဲ့အကြောင်းအရာက ဆရာဝန် Martin နဲ့ Karina ဆိုတဲ့လင်မယားဟာ တစ်နေ့မှာကောင်မလေးရဲ့အဖေဆီအပန်းဖြေအနားယူဖိုသွားကြတယ်။Karina ရဲ့ အဖေဖြစ်တဲ့ David ဟာ စာရေးဆရာဖြစ်ပြီးတော့ သူ့ဆီမှာလျှို့ဝှက်ချက်တွေဟန်ဆောင်မှုတွေကို စကားပြောမျက်နှာထားဟန်ပန်နဲ့ ဖုံးကွယ်ထားပြီးနေ နေတာကို တွေ့ရတယ်။Minus ဆိုတဲ့မောင်ဖြစ်သူတစ်ယောက်လည်း ရှိသေးတယ်။ဒီကောင်လေးကတော့ လူပျိုဝင်ခါစဆိုတော့ အမြဲတမ်း Karina ကို ရန်ရှာလိုက် လေသံမာမာနဲ့ပြန်အော်လိုက်လုပ်နေတော့တယ်။ ဒီလိုရှုပ်ထွေးနေတဲ့မိသားစုတွေဟာ လာဆုံနေကြပြီး Karina ဆီမှာလဲ စိတ်ရောဂါတစ်ခုရထားလို့ ကုသမှုခံယူနေတယ်။ဟောဒီအချိန်မှာ Karina ဟာ သူ့ရဲ့စိတ်ရောဂါပြဿနာကိုဘယ်လိုဖြေရှင်းမလဲ၊ ဘာတွေထင်ယောင်ထင်မှားတွေ မြင်နေရလဲ၊အမှားလားအမှန်လား မခွဲခြားနိုင်တဲ့အကြောင်းကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ ကြည့်လိုက်ကြရအောင်။ File size…(1.4 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:30:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Noah
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.4 GB | Download | |
| 1080p | 1.4 GB | Download | |
| 1080p | 1.4 GB | Download | |
| 1080p | 1.4 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download |
ထုတ်လွှင့်သည့်နေ့
October 16, 1961
ကြာချိန်
1h 31m
အဆင့်သတ်မှတ်ချက်
7.9 / 10
Director
Ingmar Bergman