
ဒီတစ်ခေါက် ရုပ်ရှင်လေးကတော့ Karnan ဆိုတဲ့ ဇာတ်ကားနဲ့ လူသိများနာမည်ကြီးတဲ့ မင်းသားကြီး Dhanush ရဲ့ အချစ် ဒရမ်မာ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ် သီရူချီထရမ်ဘာလမ် (ဒါနုရှ်) ဟာ အမေနဲ့ ညီမ ဆုံးရှုံးသွားမှုကြောင့် ပျော်စရာတွေပါ ဆုံးရှုံးလိုက်ရတဲ့ လူတစ်ယောက်ပေါ့ သူ့ကို သားလို့သတ်မှတ်ရမှာရှက်ပြီး၊ စကားမပြောဖြစ်တာ နှစ်နဲ့ချီပြီဖြစ်တဲ့ အဖေနဲ့ တစ်ယောက်တည်းသော စကားပြောဖော် အဘိုးနဲ့အတူ တစ်အိမ်တည်းမှာ နေပေမယ့် အိမ်နဲ့တူတယ်လို့ မခံစားနေရတဲ့သူပေါ့ ဘဝကို ရိုးရှင်းစွာနဲ့ ပါဆယ်ပို့သမားအဖြစ် လုပ်ကိုင်နေရင်း သူ ကျောင်းတုန်းက ကြိတ်ကြိုက်ခဲ့တဲ့ ကောင်မလေးနဲ့ ပြန်ဆုံခဲ့ရတော့တယ် ဒါပေမယ့် အဲဒီကောင်မလေးနဲ့ သူ့ဘဝက မိုးနဲ့မြေလို ကွာခြားပြီး သူတို့ပြန်ဆုံတော့ ကောင်မလေး သူ့ကို ဆက်ဆံပုံတွေက တကယ်ပဲခင်လို့လား ဒါမှမဟုတ် အထင်အမြင်သေးပြီး နှိမ်ကြောနေတာလားဆိုတာတော့ သူတစ်ယောက် မသိတတ်နိုင်ခဲ့ပါဘူး ဒါပေမယ့် ခွဲခြားသိနေတဲ့ သူတစ်ယောက်တော့ရှိတယ် အဲဒါကတော့ သူ့ရဲ့ အခင်ဆုံးသူငယ်ချင်း ကောင်မလေးပါပဲ အဲဒီလိုနဲ့ သူ့ရဲ့ရိုးရှင်းနေတဲ့ ဘဝထဲ ကောင်မလေးနှစ်ယောက်နဲ့အတူ ဘယ်လိုရှုပ်ထွေးမှုတွေ ဘယ်လိုစိတ်လှုပ်ရှားစရာတွေနဲ့ ဘယ်လို ဘဝအလှည့်အပြောင်းတွေကို ကြုံတွေ့ရမလဲဆိုတာ ပရိသတ်ကြီးကိုယ်တိုင်ပဲ ရှုစားခံစားကြည့်ပေးပါဦးနော် File size…2.3GB / 1.1GB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & HM & Kham Mon & Nay & Poe & Sora
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.3 GB | Download | |
| 720p | 1.1 GB | Download |