
The Wannabes (2022) ================ IMDb Rating – 6.3/10 ပြင်သစ် comedy ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ သူကတော့ The Wannabes (2022) ပါ။ Tech Universe ဆိုတဲ့ စတိုးဆိုင်တစ်ဆိုင်မှာ ဒန်နီရယ် နဲ့ စတက်ဖန် ဆိုတဲ့ မတည့်အတူနေ လုပ်ဖော်ကိုင်ဖက်နှစ်ယောက်ရှိပါတယ်။ဘယ်လောက် တောင် မတည့်ကြသလဲဆိုရင် မြင်တာနဲ့ ထသတ်ကြတဲ့အဆင့်အထိပါပဲ။ ဒန်နီရယ်ကတော့ သီချင်းဆိုဝါသနာပါပြီး အဆိုတော်ပိုးရှိသူတစ်ယောက် ဖြစ်ပါတယ်။ စတက်ဖန်ကတော့ အိမ်သုံးကုန်ပစ္စည်း မီးဖိုချောင်ပစ္စည်းစတာ တွေကို ခရေစေ့တွင်းကျသိပြီး အဲဒီပစ္စည်းတွေအပေါ်မှာ ရူးသွပ်သူပါ။ နှစ်ယောက်စလုံးဟာ ကြောင်နဲ့ကြွက်လို တစ်ခုမှ မတူညီကြပေမယ့်လို့ တူတာတစ်ခုကတော့ နှစ်ယောက်စလုံး အကြွေးတွေတင်နေကြတာပါပဲ။ ဒန်နီရယ်ဟာ သူ့အခက်အခဲတွေကို ဖြေရှင်းဖို့ ပစ္စည်းဈေးနှုန်းခန့်မှန်းရတဲ့ Game Show တစ်ခုမှာ ၀င်ပြိုင်ပြီး ဆုကြေးတွေယူဖို့ အကြံရခဲ့ပါတယ်။ ဒီအကြံကို ပြောပြပြီး စတက်ဖန်ကို စည်းရုံးလို့ ကြောင်နဲ့ကြွက်လို နှစ်ကောင် သူတို့ကိုယ်စီမှာရှိကြတဲ့ အရည်အချင်းတွေကိုအသုံးချပြီး Game Show မှာ ဘယ်လိုတွေ တလွဲလုပ်မလဲဆိုတာ ကြည့်ရင်းပရိသတ်တွေ ခွီလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chuck Chuck ဖြစ်ပါတယ်) File Size……….(1.47 GB) / (770 MB) / (450 MB) Quality…………WebRip 1080p / 720p / 480p Duration………1Hr 41mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….Chuck Chuck Encoder……….SWM