
The Virgin Suicides (1999) 1993 ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ အမေရိကန်စာရေးဆရာ Jeffrey ရဲ့ နာမည်ကြီး ဝတ္ထုရှည်ကို ရုပ်ရှင်အဖြစ် ဖန်တီးထားတာပါ။ Sam Raimi-Spider Man က Mary Janes သရုပ်ဆောင် Kirsten Dunst ပါဝင်သရုပ်ဆောင်ထားပါတယ်။ Rating ဟာလည်း IMDb 7.2 ရှိတာမို့ တွေးစရာတွေအပြည့်နဲ့ အဆုံးထိစွဲဆောင်သွားနိုင်မယ့်ဇာတ်ကားပါ။ ဇာတ်လမ်းကတော့ ကောင်မလေးတွေကို ငမ်းနေကြတဲ့ ဆယ်ကျော်သက်ကောင်လေးတွေရဲ့ Point of View ပုံစံမျိုး ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ချောမောလှတဲ့ ဆယ်ကျော်သက် ကောင်မလေးငါးယောက်ဟာ ဘာသာရေးကို အလွန်ကိုင်းရှိုင်းတဲ့ မိဘနှစ်ပါးအောက်မှာ ကြီးပြင်းခဲ့ကြရပါတယ်။ မိဘတွေရဲ့ ချုပ်ခြယ်မှုကြောင့် အငယ်ဆုံးဖြစ်တဲ့ ဆီစီလီယာဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့ပါတယ်။ ဆရာဝန်ကတော့ သားသမီးတွေကို လွတ်လပ်ခွင့်ပေးဖို့ ညွှန်ကြားပေးမယ့် ရှေးရိုးစွဲတဲ့မိခင်ဟာ ခေါင်းမာနေခဲ့ပါတယ်။ တစ်နေ့တော့ ထရစ်ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့တောင်းဆိုမှုကြောင့် ညပါတီပွဲတက်ခွင့်ရတဲ့အခါမှာတော့... လှောင်အိမ်ထဲက ငှက်ကလေးတွေ ပျံဝဲရင်း ဘာတွေဆက်ဖြစ်မှာလဲ...? မိဘတွေကရော ဘာကြောင့် အဲ့လောက်ထိချုပ်ခြယ်တာလဲ...? သေဆုံးမှုမှာ ဘယ်သူက အဓိကတာဝန်ရှိတာလဲ...? စတဲ့အတွေးပေါင်းစုံနဲ့ 1970 ဝန်းကျင်လောက်ကို Retro Vibe နဲ့အတူ ပြန်သွားရင်း ယနေ့ခေတ်နဲ့ ယှဥ်ပြီး အတွေးနယ်ချဲ့လို့ကောင်းမယ့် ဇာတ်လမ်းကောင်းဖြစ်ပါတယ်။ File size…(1.92GB)/(1B)/(470MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:37:00 Genre...Drama / Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...Northener
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download | ||
| 1080p | Download |