
ဟာရိုးဖရိုင်းဆီ ကို စာတစ်စောင်ရောက်လာတယ် ။ ဘယ်ကပို့မှန်းလဲမသိ။ သားသမီးမရှိတဲ့ သက်ကြီးရွယ်အိုလင်မယားနှစ်ယောက်ဆီ စာရောက်လာတာ တစ်မျိုးတော့စိတ်ထဲဖြစ်သွားတယ်။ စာအိတ်ပေါ်မှာရေးထားတဲ့ Berwick upon Tweed ဆိုတဲ့ နေရာကတွေ့တော့ ဘေးက ဇနီးဖြစ်သူမော်ရင်ကို မေးလိုက်တယ်။ ဇနီးသည်က လည်းမသိဘူးတဲ့။ စာအိတ်ကိုဖောက်ဖတ် ကြည့်လိုက်တော့ မိတ်ဆွေဟောင်းကင်ဆာရောဂါသည် ကွင်နီကပို့လိုက်တဲ့ နှုတ်ဆက်စာလေးတစ်စောင်ဖြစ်နေတယ်။ ဟာရိုးတစ်ယောက် အတိတ်က အကြောင်းအရာတွေကို သတိရမိသွားပြီး ပြန်စာရေးလိုက်တယ်။ ရေးပြီးစာလေးကို စာတိုက်ပုံးထဲသွားထည့်ဖို့ ဇနီးသည်ကိုပြောပြီးထွက်လာလိုက်တယ်။ သူ့စိတ်ထဲ တစ်ခုခုခံစားနေတဲ့အတွက် စာတိုက်ပုံးနားမှာ ချီတုံချတုံဖြစ်နေတယ်။ ဒီလိုနဲ့စတိုးဆိုင်တစ်ဆိုင်ထဲဝင်ပြီး မုန့်လေးဘာလေးဝယ်ပြီး ကောင်တာမှာ ပိုက်ဆံရှင်းတော့ ဝန်းထမ်းလေးက စာအကြောင်းမေးတယ်။ ကင်ဆာရောဂါ သည်မိတ်ဆွေဟောင်းအတွက်လို့ပြောတယ်။ ဝန်ထမ်းမလေးက သူ့အဒေါ်လည်း အဲ့လိုရောဂါခံစားနေရကြောင်း လက်မလျှော့ဘဲ ယုံကြည်မှုပေးရင် မျှော်လင့်ချက် ရှိလာနိုင်ကြောင်းပြောပြတယ်။ ဟာရိုးရဲ့စိတ်ထဲမှာ အတွေးတစ်ချက်ပေါ်လာပြီး ကွင်နီတက်နေတဲ့ ဆေရုံးကိုဖုန်းဆက်လိုက်တယ်။မိုင် ၅၀၀ နီးပါးဝေးတဲ့ Berwick upon Tweed အထိသူလမ်းလျှောက်လာမယ်ဖြစ်ကြောင်း ကွင်နီကိုသူလာတဲ့ အထိစောင့်နေပါဆိုတဲ့အကြောင်းဖုန်းဆက်ပြောပြီး အိမ်ကိုတောင်မပြန်ဘဲ သူ့ရဲ့ခရီးစဉ်ကို အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ စတင်လိုက်တယ်။ File size…2.09GB / 702MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 48m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |
ထုတ်လွှင့်သည့်နေ့
April 28, 2023
ကြာချိန်
1h 48m
အဆင့်သတ်မှတ်ချက်
6.8 / 10
Director
Hettie Macdonald