
The Tooth and the Nail (2017) ****************************** 2017 ခုနှစ်မှာ ပြသခဲ့ပြီး Thriller Mystery အမျိုးအစားဖြစ်တဲ့ ဒီဇာတ်လေးမှာတော့ Ko Soo, Kim Ju Hyeok, Park Sung Woong, Moon Sung Geun နဲ့ မင်းသမီး Lim Hwa Youngတို့လို နာမည်ကြီး မင်းသား မင်းသမီးတွေက အဓိကပါဝင်ထားကြပါတယ်။ ဂျပန်ကိုလိုနီခေတ်ကနေ လွတ်လပ်ရေးရပြီးစကာလ ငွေစက္ကူအတုဖြန့်ချီမှု များပြားတဲ့ကာလကို နောက်ခံထားရိုက်ကူးထားပြီး မှုခင်းအကြောင်းအရာပါတဲ့ ဇာတ်လမ်းမို့ သည်းထိတ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့.. အီဆော့ဂျင်ဟာ ငယ်ငယ်ကတည်းက ဆက်ကပ်မှာရောင်းစားခံရပြီး ကြီးပြင်းလာတဲ့ မျက်လှည့်ဆရာတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာ ပဟေဠိဆန်တဲ့ မိန်းမလှလေး ဂျောင်ဟာယောင်းနဲ့ ချစ်ကျွမ်းဝင်ပြီး လက်ထပ်ခဲ့ကြပါတယ်။ ခြေဦးတည့်ရာလျှောက်သွားရင်း ဖျော်ဖြေရတဲ့ ဖျော်ဖြေရေးသမားမို့ ဂျောင်ဟာယောင်းရဲ့ မွေးရပ်မြေဖြစ်တဲ့ ဘူဆန်ကိုပြန်ပြီး ဖျော်ဖြေဖို့ သွားတော့တယ်။ ဒါပေမဲ့ ဘူဆန်ကိုပြန်ရောက်တဲ့အခါ အိုကာမိုထို ရှီဂယ်ရူလို့ခေါ်တဲ့ လူဆီကနေ စာတစ်စောင်ရရှိပြီးနောက် ဇနီးဖြစ်သူ ဂျောင်ဟာယောင်းက အသတ်ခံလိုက်ရတဲ့အခါ.. ဇနီးဖြစ်သူအသတ်ခံရတာက ငွေစက္ကူအတုလုပ်တဲ့ကြေးပြားတွေနဲ့ ဆက်စပ်နေမှန်း သိသွားပြီးနောက် အီဆော့ဂျင်ဟာ အိုကာမိုထို ရှီဂယ်ရူကို လိုက်ရှာပြီး ကလဲ့စားချေဖို့ ဆုံးဖြတ်လိုက်ပေမဲ့… ငွေကြေးချမ်းသာပြီး အဆက်အသွယ်များတဲ့ အိုကာမိုထိုအနားကို သာမန်မျက်လှည့်ဆရာလေးက ဘယ်လိုချဥ်းကပ်ပြီး လက်စားချေသွားမလဲ..။ ဂျောင်ဟာယောင်းရဲ့ သရုပ်မှန်ကရော ဘာဖြစ်မလဲ..။ ကြေးပြားတွေကိုရော ပြန်ရှာတွေ့နိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုလိုက်ရအောင်နော်။ File size…1.16GB / 500MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 50m Genre …..Thriller, Mystery, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Stary
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.16GB | Download | |
| 1080p | 1.16GB | Download | |
| 1080p | 1.16GB | Download | |
| 1080p | 1.16GB | Download | |
| 720p | 500MB | Download | |
| 720p | 500MB | Download | |
| 720p | 500MB | Download | |
| 720p | 500MB | Download | |
| 720p | 500MB | Download | |
| 720p | 500MB | Download |