
Manidhargal (2025) “အမိုက်မှောင်တဲ့ည” ================================ ဒီတစ်ခါမှာတော့ လူတွေရဲ့သဘောသဘာ၀ကို မီးမောင်းထိုးပြထားတဲ့ တမီလ်စကားပြောဇာတ်လမ်းတစ်ပုဒ် တင်ဆက်ပေးချင်ပါတယ်။ ပြဿနာတစ်ခုကြုံလာတဲ့အခါ ကိုယ့်အကျိုးပဲကိုယ်ကြည့်တတ်ကြတဲ့ လူတွေရဲ့တစ်ကိုယ်ကောင်းစိတ်၊ ဒွိဟစိတ်၊ မပြတ်သားတဲ့စိတ်တွေကို အဓိကအသားပေးပြီး ပုံဖော်ရိုက်ကူးထားတာပါ။ သူငယ်ချင်း ၆ ယောက် အရက်အတူသောက်ပြီး လူမှန်းမသိမူးရာက နိုးလာကြတဲ့အခါ လူတစ်ယောက်သေဆုံးနေတာကို တွေ့လိုက်ကြရပါတယ်။ ရုတ်တရက်ထိတ်ပြာပြီး ဘာလုပ်ရမှန်းမသိဖြစ်ကုန်ကြပါတယ်။ ဘယ်သူသတ်မှန်း၊ ဘယ်လိုဖြစ်သွားမှန်း သူတိုလည်းမသိလိုက်ကြပါဘူး။ သူတိုကိုအမှုပတ်မှာစိုးတာနဲ့ အလောင်းကိုအိတ်နဲ့ထုတ်ပြီး ကားနောက်ဖုံးထဲထည့်လာခဲ့ကြပါတယ်။ ကားသာမောင်းထွက်လာပေမဲ့ ဘာလုပ်ရမှန်းမသိကြပါဘူး။ ဒီလိုနဲ့ ငြင်းခုံရန်ဖြစ်ပြီး ရှေ့ဆက်လာကြတဲ့ လူ ၅ ယောက်နဲ့ ကားနောက်ဖုံးထဲကအလောင်းတစ်လောင်း…၊ လမ်းမှာ ဘာတွေဘယ်လိုဖြစ်ကြမလဲ ဘယ်သူတရားခံဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။)
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.1 GB | Download | |
| 720p | 620 MB | Download | |
| 720p | 620 MB | Download | |
| 720p | 620 MB | Download | |
| 720p | 620 MB | Download | |
| 720p | 620 MB | Download |