
ယနေ့ခေတ်ကမ္ဘာကြီးမှာ သမီးရည်းစားဖြစ်ဖို့၊ အပြင်မှာချိန်းတွေ့ဖို့ဆိုတာ အရင်ခေတ်ကလောက် မခက်ခဲတော့ပါဘူး။ အင်တာနက်လေးရှိရုံ၊ dating app လေးရှိရုံနဲ့ သွားတွေ့လိုက် ရည်းစားတွေဖြစ်လိုက် ဒါမှမဟုတ်လည်း တစ်ညတာနေလိုက်တွေ ဖြစ်နေကြပါပြီ။ အင်တာနက်မှာ ကောင်းကျိုးတွေလည်း ရှိသလို မကောင်းတာတွေလည်း အများကြီးပါပဲ။ အဲဒီထဲကမှ လူလိမ်တွေကလည်း မှိုလိုပေါပါတယ်။ မိန်းကလေးတွေ ဆိုတာလည်း ကိုယ့်ချစ်သူ၊ ကိုယ်အရမ်းခင်ရသူတစ်ယောက် ဒုက္ခရောက်ပြီဆိုရင် မဆိုင်းမတွ ကူညီတတ်ကြသူတွေဆ်ိုတော့ အဲဒီအားနည်းချက်ကို ချနင်းမယ့် Tinder လူလိမ်ပါ။ Tinder ဆိုတဲ့ Dating App မှာ လိမ်စားနေတဲ့ လူတစ်ယောက်အကြောင်းပါ။ သူ့ကိုယ်သူ သူဌေးသားဆိုပြီး ကောင်မလေးတွေ ကြွေလောက်တဲ့ ဓါတ်ပုံတွေတင်၊ စာတွေပို့ရုံတင်မက အပြင်မှာ ချိန်းတွေ့ရင်တောင် တကယ့် ဘောစိတစ်ယောက်လိုနေပါတယ်။ ကောင်မလေးတွေကလည်း ကြွေပြီး ရည်းစားတွေ၊ သူငယ်ချင်းတွေဖြစ်တော့မှ သူ့ရဲ့ ရွှေ့ကွက်တွေထဲ ရောက်ပါတော့တယ်။ ဒါဟာ တကယ့်အဖြစ်အပျက်ပါ။ နိုင်ငံတကာမှာလည်း ဖြစ်နေသလို ဟိုးအရင်နှစ်တွေတုန်းကဆို မြန်မာနိုင်ငံမှာလည်း ပိုင်းလော့ယောင်ဆောင်တဲ့သူတစ်ယောက် ပေါ်လာတာကို မှတ်မိကြပါလိမ့်မယ်။ ပုံတွေအကုန်လုံးက အစစ်တွေချည်းပါပဲ။ ဒါပေမဲ့လည်း မိန်းကလေးတွေကို ဦးတည်တဲ့ ငွေလိမ်သူတစ်ယောက်ပေါ့။ Tinder Swindler မှာ လောကကြီးရဲ့ မတရားမှုတွေကိုပါ တွေ့မြင်ရမှာပါ အဲဒီလူရဲ့ သားကောင်ဖြစ်ခဲ့သူတွေရဲ့ ရင်ဖွင့်သံတွေ၊ သူ့ရဲ့ အကြောင်းတွေ၊ သူ့ရဲ့ အကွက်တွေအပြင် Tinder ရဲ့ ဆောင်ရန် ရှောင်ရန်လေးတွေပါ မှတ်မှတ်သားရမှာဆိုတော့ အချောအလှ၊ ချမ်းသာမှုတွေကြား အလိမ်အညာမမိအောင်နဲ့ အချစ်ကို ဘယ်လို ခေတ်မှီမှီရှာရမလဲသိချင်ရင်တော့ Tinder Swindler ကြည့်ပြီး စနည်းနာကြပါလို့ ညွှန်းဆိုလိုက်ပါရစေ... (ဒီဒိုကူမန်ထရီနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆိုရေးသားထားပါတယ်) Size - 900MB, 490MB Quality - 1080p, 720p IMDb Rating - 7.4/10 Format - mp4 Duration - 1H 54Min Genre - Documentary, Crime Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y