
The Swearing Jar (2022) IMDb – 5.9/10 ဆဲတယ်ဆိုတာကတော့ ယနေ့ခေတ်နဲ့စိမ်းသက်တဲ့အရာတစ်ခုမဟုတ်ပါဘူး။ ဒီနိုင်ငံမှာတောင် အဆဲကြမ်းမှ ကူးကစ်ထင်နေကြတာဆိုတော့ ခေတ်ရေစီးကြောင်းအလိုက် ဆဲနည်းလေးတွေလည်း အမှီလိုက်ရတာပေါ့။ ဆိုတော့ အနောက်နိုင်ငံတွေအတွက်တော့ ဆဲတယ်ဆိုတာ ထမင်းစားရေသောက်ပါ။ ဒီဆဲတာနဲ့ပတ်သတ်ပြီး တမူထူးခြားတဲ့ရှုထောင့်လေးကနေ ရိုက်ကူးထားတဲ့ “The Swearing Jar” ဆိုတဲ့ ရုပ်ရှင်သစ်လေးကို ပရိသတ်တို့အတွက် တင်ဆက်ပေးချင်ပါတယ်။ ကယ်ရီနဲ့ဆိုင်မွန်ဆိုတဲ့ ချစ်ရတဲ့ဇနီးမောင်နှံဟာ အိမ်ထောင်သက် ၁၀ စုနှစ်တစ်ခုကျော်ကာမှ ကြုံတောင့်ကြုံခဲ အချစ်စုဘူးလေးကို စတင်ပိုင်ဆိုင်ရပါတယ်။ တခြားစုံတွဲတွေလို အချိန်တိုနဲ့အလွယ်တကူရခဲ့တာမဟုတ်လေတော့ အပျော်ကြီးပျော်ကြတာပေါ့။ မွေးလာမယ့်ကလေးလေးအတွက် စံပြမိဘတွေလုပ်မယ်ဆိုပြီး ဆဲတာကိုမလုပ်ဖို့ ဆဲမိခဲ့ရင် ပိုက်ဆံ ၅ ဒေါ်လာကို ပုလင်းထဲထည့်ဖို့ သတ်မှတ်ထားခဲ့ကြတယ်။ ၅ ဒေါ်လာ ဆိုတဲ့ ပိုက်ဆံက မနည်းပေမယ့် ဆဲတာအကျင့်ပါနေတဲ့ သူတို့လူမျိုးတွေကတော့ ဆဲလိုက် ၅ ဒေါ်လာ ထည့်လိုက်ပါပဲ။ ဒီလိုပျော်ရွှင်နေတဲ့ သူတို့ဘဝထဲကို ကံကြမ္မာဆိုးဝင်လာချိန်မှာတော့… အိမ်ထောင်ရေးတစ်ခုမှာတွေ့ရမယ့် အဆင်မပြေမှုတွေ၊ မိသားစုကိစ္စတွေ၊ လူငယ်သဘောသဘာဝစိတ်ကစားတာတွေ၊ ကလေးယူတာနဲ့အတူ ပိုလာတဲ့တာဝန်ဝတ္တရား အစရှိတဲ့လက်တွေ့ဘဝက ပြဿနာမျိုးစုံကို မျက်ဝါးထင်ထင်မြင်သာအောင် ရိုက်ကူးပြထားတဲ့အတွက် Dramaချစ်ပရိတ်သတ်တို့ အကြိုက်တွေ့မယ့် ရုပ်ရှင်ကောင်းတစ်ကားဖြစ်မှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Drama, Musical, Romance Quality…. 1080p | 720p | 480p File size… 1.5GB | 784MB | 454MB Format… mp4 Duration…. 1h 51min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. August