
The Storyteller (2022) “ဇာတ်ကြောင်းပြောသူ” IMDb 6.9 အားလုံးမြင်ဖူးလောက်မယ့် ဝါရင့်မင်းသား Paresh Rawal ပါဝင်ထားတဲ့ ဒရာမာဇာတ်လမ်းကောင်းတစ်ပုဒ်ကို ပြန်လည်တင်ဆက်လိုက်ပါတယ် တာရီနီဆိုတဲ့ အဘိုးကြီးတစ်ယောက်ဟာ သူ့ဘဝမှာ အလုပ် ၇၃ ခုထိ ပြောင်းလုပ်ခဲ့ပြီး အငြိမ်းစားယူသွားတဲ့အချိန်မှာ ဟာတာတာကြီး ဖြစ်သွားခဲ့တယ် သူဟာ အရင်းရှင်စနစ်ကို အမြင်ကတ်သူဖြစ်ပြီး အမေရိကားလို အရင်းရှင်နိုင်ငံကို မလိုက်နိုင်ဘူးကွလို့ US ရောက် သားဖြစ်သူကို အတွင်တွင်ငြင်းနေသူ နောက်ပြီး သူ့ကို ဇာတ်လမ်းပြောကောင်းသူတစ်ယောက်လို့ လူအများက သတ်မှတ်ကြပြီး သူ့ဇာတ်လမ်းတွေကို နားထောင်ချင်ကြတယ် တစ်ရက်မှာတော့ သတင်းစာထဲက အလုပ်ခေါ်စာတစ်ခုမှာ ဇာတ်ကြောင်းပြောသူ ခေါ်နေတာကြောင့် ကလေးတွေကို ပုံပြင်ပြောရမယ်အထင်နဲ့ အလုပ်သွားလျှောက်ခဲ့ရာမှာ တကယ့်အလုပ်က ဘာအလုပ်ဖြစ်မလဲ ဘဝရဲ့တတိယအရွယ်မှာ ဒီအလုပ်က သူ့ဘဝကို ထပ်မံပြောင်းလဲပေးနိုင်မှာလား ခံစားကြည့်ရှုလိုက်ကြပါ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်