
ဒါရိုက်တာ တိုမက်စ်အဲဖ ရက်ဆင်ရဲ့ လက်ရာဖြစ်ပြီး မိုက် ကယ်ဖက်စ်ဘန်ဒါ၊ ရီဘက်ကာ ဖာဂူဆန်၊ ရှားလက်ဂိန်းစ်ဘော့ဂ်၊ ဗယ်လ်ကစ်လ်မာ စတဲ့ သရုပ် ဆောင်တွေပါဝင်ထားတာပါ။ နှင်းခဲလူရုပ်နဲ့ သဲလွန်စပေး ထားတဲ့ စိတ္တဇလူသတ်သမားကို စုံစမ်း ဖော်ထုတ်တဲ့အကြောင်း ဇာတ်အိမ်တည်ထားတာ ဖြစ်ပါ တယ်။ ဆောင်းရာသီအစပထမဆုံး နှင်းကျတဲ့နေ့မှာ အမျိုးသမီးငယ် တစ်ယောက် သေဆုံးခဲ့ပြီး စုံ ထောက် ဟယ်ရီဟိုးလ်ကတော့ သာမန်အမှုအခင်းမဟုတ်တဲ့ လူ သတ်မှုဖြစ်တယ်လို့ ယုံကြည်ခဲ့ပါ တယ်။ ထူးခြားတာတစ်ခုက လူ သတ်သမားက သူ့ကိုယ်သူနှင်းခဲ လူရုပ်(The Snowman)လို့သုံး နှုန်းသလို နှင်းခဲလူရုပ်နဲ့လည်း သဲ လွန်စချန်ထားခဲ့လို့ပဲဖြစ်ပါတယ်။ လူသတ်သမားက နှင်းကျတဲ့ အချိန်တွေကိုပဲ ပစ်မှတ်ထားလှုပ် ရှားတာမို့ စုံထောက်ဟယ်ရီတစ် ယောက် ရက်စက်တဲ့လူသတ်မှု တွေထပ်ပေါ်လာမှာကို စိုးရိမ်နေ ခဲ့ပါတယ်။ အဲဒါကြောင့် ဆိုးရွား တဲ့အဖြစ်အပျက်တွေ ထပ်မပေါ် လာခင်မှာ Snowman ကို စုံ ထောက်အဖွဲ့ဝင်သစ် ကက်သ ရင်းဘရတ်ရဲ့အကူအညီနဲ့ဖော် ထုတ်နိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ သူ့ကို လိုက်စုံစမ်းနေတာကို သိတဲ့ Snowman ကလည်း စုံ ထောက်ဟယ်ရီကို ဦးတည်တဲ့သဲ လွန်စစာတွေ ရေးရေးပြီး ဒုက္ခ ကောင်းကောင်းပေးပါတော့ တယ်။ဆိုးရွားတဲ့သတ်ဖြတ်မှုတွေ ကျူးလွန်တဲ့ စိတ္တဇလူသတ်သမား Snowman ရဲ့လှည့်ကွက်တွေ ကြားမှာ ဟယ်ရီတစ်ယောက်အချိန်မီ ဖော်ထုတ်တားဆီးနိုင်ပါ့ မလားဆိုတာကိုတော့ ရင်ဖိုရင်း ဆက်ကြည့်လိုက်ဦးနော်။ (ဇာတ်လမ်းအညွှန်းကို 7Daily Website မှ ကူးယူဖော်ပြပါသည်) File Size : (999 MB) Quality : 720p HCWEBRrip Running Time : 1hr 59min Format : Mp4 Genre :Crime, Drama, Horror Subtitle : Myanmar Subtitle (Hard Sub) Source : 720p.PROPER.HC.WEBRip.x264.AAC2.0-STUTTERSHIT Translated by Lex Luthor Encoded by Thanhtike Zaw
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |