
ယခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Sci-fi/ Thriller အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ် ဒီကားလေးမှာဆိုရင် အခြားသောဂြိုဟ်ပေါ်သို့ အကျဉ်းသားအဖြစ် ပို့ဆောင်ခံရသူ နှစ်ဦးရဲ့ အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်.. Niyya ဟာ အိုဝီယန်ဂြိုဟ်သားအမျိုးသမီးတစ်ဦးက ကောက်ယူ မွေးစားထားတဲ့ ကမ္ဘာဂြိုဟ်သားတစ်ဦးဖြစ်ပါတယ် အိုဝီယန်တွေဟာ ကမ္ဘာဂြိုဟ်ပေါ်ကို စစ်ဘေးဒုက္ခသည်အနေနဲ့ ရောက်လာကြသူတွေဖြစ်ပြီး ကမ္ဘာဂြိုဟ်သားများဟာ လိုလို လားလားကြိုဆိုမှုမရှိခဲ့ပါဘူး စစ်ဘေးရှောင်စခန်းများမှာ ကမ္ဘာဂြိုဟ်သားများရဲ့ နှိပ်စက်ကလူပြုမှု ညှင်းပန်းနှိပ်စက်မှုကိုများ ခံစားကြရတဲ့ အိုဝီယန်တွေကို နေ့စဉ်မြင်တွေ့ပြီး ကြီးပြင်းလာသော Niyya ထံသို့ အလားတူအဖြစ်အပျက်မျိုးဟာ မလွဲမရှောင်သာ ကျရောက်လာခဲ့ပါတော့တယ်. ထိုညှင်းပန်းနှိပ်စက်မှုအတွင်း Niyya ကို မွေးစားခဲ့သူ အိုဝီယန် ဂြိုဟ်သားမိသားစုတို့ အသတ်ဖြတ်ခံခဲ့ရပြီး Niyya ဟာ ကမ္ဘာ ဂြိုဟ်သားမိသားစုအိမ်သို့ ပို့ဆောင်ခံရကာ မွေးစားခံခဲ့ရပါတယ် အိုဝီယန်တွေဟာ ကမ္ဘာဂြိုဟ်သားတွေရဲ့ နှိပ်စက်ကလူပြုမှုကို နေ့စဉ်ခံစားနေရပြီး ၎င်းတို့အားသတ်ဖြတ်မှုကို အစိုးရကလည်း မျက်ကွယ်ပြုပေးထားခဲ့ပါတယ် တစ်ဖက်မှာလည်း အစိုးရဟာ တန်းတူညီတူဆက်ဆံရေးအတွက် တက်ကြွလှုပ်ရှားပေးသူများကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးနှိပ်ကွပ်နေခဲ့ပါတယ် ကလေးဘဝကတည်းက စိတ်ဒဏ်ရာနဲ့ ကြီးပြင်းခဲ့သူ Niyya ဟာ အစိုးရအဖွဲ့ဝင်တစ်ယောက်ကို လုပ်ကြံကာ လက်စားချေဖို့ကြိုးစား နေစဉ်မှာပဲ အသွင်ယူရဲတစ်ယောက်ရဲ့ ဖမ်းဆီးခြင်းကို ခံရကာ တစ်သက်တစ်ဂြိုဟ်ပြစ်ဒဏ်ကျခံရပါတော့တယ် ဂြိုဟ်တစ်လုံးကို တစ်ယောက်သာပို့ဆောင် ပြစ်ဒဏ်ပေးသော စနစ်မှာ အလွဲအချော်တစ်ခုဖြစ်ခဲ့ပြီး Niyya ရောက်ရတဲ့ဂြိုဟ်မှာ ရှေ့က ပို့ဆောင်ထားပြီးသား သေလူအဖြစ်သတ်မှတ်ထားတဲ့ Theodore တစ်ယောက်နဲ့ အသက်မသေသေးဘဲ တွေ့ရတဲ့အခါမှာတော့… ဒီဇာတ်ကားလေးဟာဆိုရင် နိုင်ငံပျောက်သူ နေရာပျောက်သူ စစ်ဘေးဒုက္ခသည်တွေရဲ့ ဒုက္ခကို အရိပ်အယောင်ပြ တင်ဆက်ပုံ ဖော်ထားပြီး အကျယ်လောင်ဆုံးသောအသံဖြစ်တဲ့ တိတ်ဆိတ်မှုရဲ့ ကြောက်မက်ဖွယ်ရာအသွင်ကို ရုပ်လုံးဖော်ပြထားလို့ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ကြိုက်နှစ်သက်သူ ရုပ်ရှင်ပရိသတ်များ အာသာပြေမြည်းစမ်း ကြည့်ရှုနိုင်ဖို့ ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ…. File size… (1.18 GB) / ( 597 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 35m Genre ….. Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet