
ဇာတ်လမ်းကအစမှာ ကင်ဆာရောဂါသည်ညီမကို ဆုံးရှုံးလိုက်ရတဲ့အတွက် လူဆီယာဟာဝမ်းနည်းကြေကွဲနေရတယ် ယောက်ျားဖြစ်သူ မာကို့စ်ရဲ့ဖေးမမှုတွေကြောင့်အချိန် တစ်ခုအကြာမှာသူ့ဘဝဟာပြန်လည်တည်ငြိမ်လာခဲ့တယ် ၊ဒါပေမယ့် တစ်နေ့မှာ ရောဂါအခံရှိတဲ့မာကို့စ်ဟာအရေးပေါ်ကြောင့် ဆေးရုံတက်လိုက်ရတယ်။ မာကို့စ်ရဲ့အစ်ကိုဖြစ်သူက သူ့ကိုခွဲစိတ်ပြီးနောက်မှာ ကင်ဆာ အကြိတ်ဆိုတာကိုသိသွားတယ်။ ညီဖြစ်သူရဲ့တောင်းဆိုချက်ကြောင့် လူဆီယာကိုအသိမပေးဘဲထားလိုက်ကြတယ်။ မာကို့စ်က သူ့လိုရောဂါသည်တစ်ယောက်ကိုစောင့်ရှောက်ပြီး အချိန်ကုန်ဆုံးသွားရမယ့် လူဆီယာကိုမမြင်ချင်တာကြောင့် လမ်းခွဲဖို့ကြိုးစာပါတော့တယ်။ နှစ်ယောက်လုံးကတစ်ယောက်ကိုတစ်ယောက်ချစ်ပေမယ့် ညီမဖြစ်သူရောယောက်ျားဖြစ်သူရောဆုံးရှုံးပြီးဘဝပြိုလဲ သွားမှာကိုစိုးရိမ်တဲ့မာကို့စ်နဲ့ ယောက်ျားဖြစ်သူဘာပဲဖြစ်ဖြစ် နောက်ဆုံးအချိန်အထိအတူတူဆက်နေမယ့် လူဆီယာတို့ ဘယ်သူကမှန်လဲမှားလဲဆိုတာဆက်လက်ကြည့်ရှုပေးပါဦး… File size… (1.55 GB) / (914 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 52m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TML