
Rating 7.2 အထိရရှိထားတဲ့ ကားကောာင်းလေးဖြစ်ပါတယ်... သမိုင်းနောက်ခံ ဖြစ်ရပ်မှန် ရုပ်ရှင်တစ်ခု တင်ထားပေးပါတယ်။ စီအိုင်အေရဲ့ ကမ္ဘာကျော် အရှုပ်တော်ပုံတွေထဲက တစ်ခုပါပဲ။ နိုင်းအလဲဗန်းမှာ ဖြစ်ခဲ့တဲ့ ကုန်သွယ်ရေးတိုက်ညီနောင်ကို အယ်ကိုင်ဒါအကြမ်းဖက်တွေ လေယာဉ်နဲ့ ဝင်တိုက်သွားတဲ့ ပြဿနာရဲ့ နောက်ဆက်တွဲပါ။ ဒီကိစ္စဟာ အမေရိကန်ရဲ့ ထောက်လှမ်းရေး မအောင်မြင်မှုဖြစ်လာပြီး စီအိုင်အေလည်း အတော်ကို အရှက်ရခဲ့ရပါတယ်။ ဒီဖြစ်ရပ်နောက်မှာတော့ အယ်ကိုင်ဒါကနေ ဖမ်းမိတဲ့ အကြမ်းဖက်သမားလို့ သံသယရှိသူတွေကို တစ်ဆင့်မြှင့် စစ်ကြောရေးစနစ်လို့ ခေါ်မယ့် EIT ( enhanced interrogation techniques ) ကို စတင်ကျင့်သုံးခဲ့ပါတယ်။ ဒီနည်းစနစ်တွေဟာ ရက်စက်ပြီး ကြမ်းတမ်းတဲ့အတွက် စီအိုင်အေအတွင်းမှာပဲ ကန့်ကွက်သူတွေ ထောက်ခံသူတွေ ၂ ခြမ်းကွဲနေခဲ့တာပါပဲ။ ဒါပေမယ့် နိုင်းအလဲဗန်းလို ဖြစ်ရပ်မျိုး ထပ်အဖြစ်မခံနိုင်တဲ့ အတွက် သမ္မတ ချယ်နေ နဲ့ သမ္မတ ဘွတ်ရှ်တို့လက်ထက်မှာ တရားဝင် ဒါကို အသုံးပြုနေခဲ့ကြတယ်။ ဒီစစ်ကြောရေးတွေနဲ့ ပတ်သတ်ပြီး လွှတ်တော် ထောက်လှမ်းရေး ကော်မတီက ပြန်လည် ဆန်းစစ်တဲ့အခါ ဒီနည်းလမ်းတွေကြောင့် သတင်းမှန်တွေ မရဘဲ သတင်းမှားတွေ၊ သိပြီးသား သတင်းတွေပဲ ရလာတာကို သိလာရပါတယ်။ စီအိုင်အေဘက်ကလည်း ဒီနည်းလမ်းတွေဟာ အောင်မြင်မှုရမှသာ တရားဝင်ပြီး၊ မအောင်မြင်ဘူးဆိုတာ ပေါ်သွားတာနဲ့ ဥပဒေဖောက်ဖျက်သလိုဖြစ်လာမှာကိုသိလို့ သမ္မတရုံးကို လိမ်လည်တင်ပြထားခဲ့တာပါ။ ဒီရုပ်ရှင်ထဲမှာတော့ အဓိက သရုပ်ဆောင် အဒမ် ဒရိုင်ဘာ က EIT စနစ်ကို စုံစမ်းရေးအဖွဲ့ခေါင်းဆောင် ဒန်ဂျုန်းစ် နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ရုပ်ရှင်ကြည့်ပရိသတ်တွေထဲမှာ အစီရင်ခံစာတွေ လေ့လာပြီးရေးဖူးတဲ့သူတွေ ရှိမှာပါ။ အချိန်ဘယ်လောက်နဲ့ စာမျက်နှာ ဘယ်လောက်များ ရေးဖူးကြမလဲ။ ဒန်ဂျုန်းစ်ကတော့ ၅ နှစ်ကျော်အတွင်း စီအိုင်အေမှတ်တမ်း ၆ သန်း ကျော်ကို ဖတ်ရှုခဲ့ပြီး စာမျက်နှာပေါင်း ၇၀၀၀ လောက်ရှိတဲ့ အစီရင်ခံစာကို ရေးသားခဲ့ပါတယ်။ ဒီအစီရင်ခံစာထဲမှာ EIT စနစ်ကို ခွင့်ပြုခဲ့တဲ့ ညွှန်ချုပ်တွေ၊ စီအိုင်အေအရာရှိတွေ၊ အမတ်တွေ၊ အကျဉ်းသားတွေအကြောင်း အကုန်ပါလာပါတယ်။ ဒီတော့ ဒီအစီရင်ခံစာကို မထွက်လာဖို့ စီအိုင်အေ၊ ဥပဒေဌာန နဲ့ အိမ်ဖြူတော်ကပါ ဖိအားပေးလာပါတော့တယ်။ ဒီဖိအားတွေ အခက်အခဲတွေကြားကနေ ဒီအစီရင်ခံစာကိုရအောင် ထုတ်ပြန်နိုင်ခဲ့တဲ့အကြောင်းကို ပြထားတာပါပဲ။ သမိုင်းနောက်ခံ ဒရာမာ ကောင်းကောင်းကြိုက်တဲ့သူတွေအတွက် ရည်စူးပြီး ဘာသာပြန်ပေးထားလိုက်ပါတယ်။ File Size : ( 1 GB , 437 MB ) Quality : WebRip 720p Running Time : 1 hr 59 min Format : Mp4 Genre : Biography , Drama , History Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Moe Myint Lwin
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |