
The Red Dress (2015) =============== ဇာတ်လမ်းနာမည်အတိုင်း အနီရောင်၀တ်စုံတစ်စုံနဲ့ မီးပွားစတင်ခဲ့တဲ့ ဇာတ်လမ်းလို့ ဆိုရမယ်ထင်ပါတယ်။ Drama Thriller ဖြစ်ပြီး ကြည့် ရင်းကြည့်ရင်း ဒီလိုထင်ထားပေမဲ့ ဟိုလိုဖြစ်သွားမလား ဒီလိုဖြစ်နေမလား ဒွိဟတွေပွားရင်း အဆုံးထိဆွဲခေါ်သွားမယ့် ကားမျိုးပါ။ ပတ်ထရစ်ရှာနဲ့ရိန်နာတို့ဟာ အများအမြင်မှာ အစစအရာရာပြည့်စုံနေတဲ့ ဇနီးမောင်နှံပေါ့။ တစ်နေ့မှာတော့ အိမ်မီးလောင်ပြီး ကလေးဆုံးသွားတာ ကစလို့ သူတို့ဘ၀ထဲ ဂြိုလ်ဆိုးကစမွှေပါတော့တယ်။ ကလေးဆုံးပြီးတဲ့ နောက်မှာ ပတ်ထရစ်ရှာတစ်ယောက် စိတ်ဓာတ်တွေအကျကြီးကျသွားခဲ့ သလို လင်မယားဆက်ဆံရေးလည်း ဝေးကွာလာခဲ့ပါတယ်။ အဲဒီဒဏ်ရာ တွေကို ကုစားဖို့အတွက် ရိန်နာနဲ့ပတ်ထရစ်ရှာဟာ လန်ဒန်မြို့ကြီးနဲ့ဝေးရာ၊ လှပတဲ့ မော်လ်တာကျွန်းဆီ ခေတ္တပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။ အစပိုင်းမှာ ပတ်ထရစ်ရှာတို့လင်မယား ပြန်ပြေလည်သလိုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အတိတ်ကအရိပ်တွေ ပြန်ပေါ်လာပြီး နှစ်ဦးသားရဲ့ကြည်နူးမှုဟာ ကြာရှည်မခံလိုက်ပါဘူး။ နောက်ပိုင်းမှာ ရိန်နာ၊ ပတ်ထရစ်ရှာ၊ ရိန်နာရဲ့ အခင်ဆုံးသူငယ်ချင်းဂျိမ်းစ်နဲ့ ရုံးစာရေးမလေး ကန်းဒစ်တို့ရဲ့ဖောက်ပြန်ရေး ဇာတ်ထုပ်တွေ၊ သံသယ၀င်စရာမီးလောင်မှုနဲ့ ပြင်းထန်တဲ့စိတ်ဒဏ်ရာတွေ အားလုံး ရောသောရှုပ်ထွေးလာပါတယ်။ ဒီလိုနဲ့ အနီရောင်၀တ်စုံတစ်စုံက စတင်ပြီး ကြောက်စရာကောင်းတဲ့ စိတ်ရဲ့ဖောက်ပြန်ပြောင်းလဲမှုက အေးချမ်း နေတဲ့ဘ၀တွေကို ဘယ်လိုဒုက္ခပေးသွားမလဲ၊ ဇာတ်လမ်းကို ဘယ်လိုဆွဲခေါ် သွားမလဲဆိုတာ ကြည့်ကြည့်လိုက်ရအောင်နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.8 GB) / (720 MB) / (415 MB) Quality…………WEB-RIP 1080p / 720p / 480P Duration………1Hr 37Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Thriller Translator…….C’mon Encoder……….SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080P | 1.8 GB | Download | |
| 1080P | 1.8 GB | Download | |
| 1080P | 1.8 GB | Download | |
| 1080P | 1.8 GB | Download | |
| 1080P | 1.8 GB | Download | |
| 1080P | 1.8 GB | Download | |
| 720P | 720 MB | Download | |
| 720P | 720 MB | Download | |
| 720P | 720 MB | Download | |
| 720P | 720 MB | Download | |
| 720P | 720 MB | Download | |
| 720P | 720 MB | Download | |
| 480P | 415 MB | Download | |
| 480P | 415 MB | Download | |
| 480P | 415 MB | Download | |
| 480P | 415 MB | Download | |
| 480P | 415 MB | Download | |
| 480P | 415 MB | Download |