
မိသားစုနဲ့အတူ အပန်းပြေကြည့်ရှု့နိုင်မယ့် ဇာတ်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်။ အခုဇာတ်ကားဟာ Tomb Raider တို့၊ Indiana Jones တို့လို ရတနာတွေ လိုက်ရှာတဲ့ ဇာတ်ကားမျိုးဆိုပေ မယ့် ကလေးတွေအတွက် ရည်ရွယ်ပြီး ရိုက်ထားတာမို့ Dora: The Explorer လိုမျိုး ဇာတ်ကားမျိုးပါ။ ဇာတ်လမ်းက အရမ်းကြီးလေး နက်တဲ့ Plot Twist တွေ၊ သတ်ခန်းဖြတ်ခန်းတွေ မပါဝင်ပေမယ့် ထိုက်သင့်တဲ့ စွန့်စားခန်းမျိုးနဲ့ တင်ဆက်ထားတာမို့ ပေါ့ပေါ့ပါးပါး ကြည့်ရှု့နိုင်မှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ အက်ဂီအန်းစတောင်းဟာ စွန့်စားပြီး ရတနာတွေကိုလိုက်ရှာရတာ ကြိုက်တဲ့ကောင်မလေးပါ။ ဒါပေမယ့် အသက်ကြီးလာပြီး ကလေးတစ်ယောက်ရတဲ့အချိန်မှာတော့ သား ဖြစ်သူကို စောင့်ရှောက်ရင်း သူ့သားတက်တဲ့ကျောင်းမှာ ဆရာမအဖြစ် အလုပ်လုပ်ကိုင်နေခဲ့တာပါ။ အတန်းထဲမှာ တွမ်ဆောယာရဲ့ ရွှေ ဆိုတဲ့ စာအုပ်အကြောင်းကို သင်ရင်း ကလေးတွေကိုအိမ်စာပေးလိုက်ပါ တယ်။ သားဖြစ်သူ အန်တိုနီဟာ သူငယ်ချင်းဖြစ်သူ ဝူဒီ၊ လူ တို့နဲ့အတူ တွမ်ဆောယာရဲ့ ရွှေတွေကို စာအုပ်ထဲက လေ့လာရုံနဲ့တင် အားမရဘဲ အပြင်မှာပါ တကယ်လိုက်ရှာဖို့ ကြိုးစားပါတော့တယ်။ သူမသိအောင် ခိုးထွက်သွားတဲ့ သားကို လိုက်ရှာဖို့လုပ်ရင်း အက်ဂီ လည်း စွန့်စားခန်းပြန်ထွက်ဖို့ ကြုံလာပါတယ်။ ဒါပေမယ့် ရတနာတွေ ကို လိုက်ရှာဖို့ ကြိုးစားတာက သူတို့ချည်းတင်မဟုတ်ဘဲ ကျောင်းကို အသစ်ရောက်လာတဲ့ မစ္စတာ အေဂျေ ဆိုတဲ့ ဆရာတစ်ယောက်လည်း ပါပါတယ်။ အက်ဂီဟာ ကောလိပ်မှာတုန်းက မစ္စတာ အေဂျေရဲ့ သုတေ သနလက်ထောက်ဖြစ်ခဲ့တာပါ။ ဒီလိုနဲ့ သူတို့တွေ ရွှေတွေကို လိုက်ရှာဖို့ ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာကို ပေါ့ပေါ့ ပါးပါး ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size..........(1.6 GB) / (714 MB) / (408 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 28Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Adventure, Family Translator.......Leonard Lin Encoder..........SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | 1.6 GB | Download | |
| 480p | 714 MB | Download | |
| 720p | 1.6 GB | Download | |
| 480p | 714 MB | Download |