
အကယ်၍ သင်ဟာ Single Father တစ်ယောက်ဖြစ်ပြီး သင့်ကလေးအိပ်ဖို့အတွက် ကျောတစ်ခင်းစာတောင်မဖန်တီးပေးနိုင်တော့ဘူးဆိုရင်...သင့်ရင်သွေးကိုစွန့်လွှတ်လိုက်မှာပါလား? ? ? Chris Gardner ဆိုတဲ့ လူတစ်ယောက်ကတော့ မိမိရဲ့သားလေးလက်ကိုဆွဲပြီး ဘဝရဲ့အခက်ခဲဆုံးအချိန်တွေကိုဖြတ်ကျော်ပြီးလို့ အခုဆို Millionaire တစ်ယောက်တောင်ဖြစ်လို့နေပါပြီ။ သင့်ဘဝကို သင်ခက်ခဲလှပြီလို့ထင်နေရင် တကယ့်ဖြစ်ရပ်မှန်ဘဝကိုအခြေခံပြီးရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးကို အချိန်ပေးပြီးကြည့်ကြည့်လိုက်ပါ ဒီကားလေးကြည့်ပြီး အရင်ဦးဆုံး ခံစားမိမှာကတော့ ဖခင်တစ်ယောက်ရဲ့မေတ္တာ ဘယ်လောက် နက်ရှိုင်းတယ်ဆိုတာပါပဲ... ဘဝရဲ့အဆိုးဆုံးအခြေအနေတစ်ခုမှာတောင် သားဖြစ်သူကို လက်လွှတ်မခံခဲ့တဲ့ ဖခင်တစ်ယောက်ရဲ့ မိဘမေတ္တာ... ကျွန်တော်တို့ တော်တော်များများ ငွေကိုသည်းကြီးမည်းကြီးရှာနေကြချိန်မှာ ပျော်ရွှင်မှုဆိုတာဘာလဲ ဘယ်လိုအရာက မိမိကိုပျော်ရွှင်စေတာလဲ မတွေးမိကြတာများပါတယ်... ဒီဇာတ်ကားလေးကနေ တော်ရုံသတိပြုမိဖို့ခဲယဉ်းတဲ့ဖခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာရယ်... ပျော်ရွှင်မှုဆိုတာ ကြိုးစားသူတိုင်းအတွက် အလှမ်းမဝေးဘူးဆိုတာရယ်... ဘဝဆိုတာ "ဘုံလုံတစ်လှည့် ငါးပျံတစ်လှည့်" ဖြစ်တယ်ဆိုတာ စိတ်ကူးယဉ်သက်သက်မဟုတ်ပဲလက်တွေ့မှာပါ တကယ်ရှိတယ်ဆိုတာ တို့ကို...သာမန်အရောင်းသမား(Saleman) လေးဘဝကနေ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်လာသည်အထိ ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားခဲ့ရသူ Chris Gardner ရဲ့ဘဝကို inspired လုပ်ပြီး ရိုက်ကူးထားတဲ့ "The Pursuit of Happyness" ဆိုတဲ့ကားလေးမှာ အထင်အရှားတွေ့ကြရမှာပါ... ဒီဇာတ်ကားလေးကိုတော့ Director Gabriele Muccino ကရိုက်ကူးထားပြီးကျွန်တော်တို့ရုပ်ရှင်ကြိုက်သူတွေအားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသားကြီး Will Smith ကသရုပ်ဆောင်ထားပါတယ်... ထူးခြားမှုအနေနဲ့က ဒီဇာတ်ကားထဲမှာ Chris Gardner(Will Smith) ရဲ့ သားနေရာကနေ သရုပ်ဆောင်ထားသူကတော့Will Smith ရဲ့ သားအရင်းဖြစ်သူ Jaden Smith ပဲဖြစ်ပါတယ်...၈ နှစ်အရွယ်သာရှိသေးတဲ့ Jaden Smith ရဲ့ပထမဦးဆုံးပွဲဦးထွက်ကားဖြစ်ခဲ့ပေမယ့် > MTV+TV awards(2007) : Breakthrough Performance ဆု > Phoenix Film Critics Society Awards(2006) :Best Performance by a Youth ဆု > Teen Choice Awards(2007)ဆုတို့ရခဲ့တဲ့အပြင် အခြား Nominees ပေါင်းများစွာလဲ ဝင်ခဲ့ပါသေးတယ်...အနုပညာသွေးအခံရှိလို့ထင်ပါရဲ့... မင်းသားကြီး Will Smith ကိုယ်တိုင်လဲ > Academy Awards,USA(Oscar)(2007): Nominated > Gloden Globe,USA(2007): Nominated တို့အပြင် အခြား Nominees ပေါင်းများစွာနဲ့ ဆုတွေကိုလဲ ရခဲ့သေးတာဆိုတော့.. အချိန်၂နာရီပေးပြီးကြည့်ရမှာ တကယ်တန်တဲ့ကားကောင်းတစ်ကားလို့ညွှန်းလိုက်ပါရစေဗျာ...။ IMDb Rating(8.0)ထိရရှိထားပါတယ်။ File size…(1.7 GB)/(800 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:57:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Saw Bwar
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |
ထုတ်လွှင့်သည့်နေ့
December 14, 2006
ကြာချိန်
1h 57m
အဆင့်သတ်မှတ်ချက်
7.9 / 10
Director
Gabriele Muccino