
တစ်လောကလုံးနဲ့တစ်ယောက်ဖြစ်နေရင် ခွင့်လွှတ်လိုက်ကြပါ။ "လိင်ကိစ္စမှာတောင် တားမြစ်ချက်တွေရှိနေရင် ကျုပ်တို့မှာ ပြဿနာတွေများနေတာ အံ့သြစရာမရှိဘူး။ ကျုပ်တို့လူမျိုးတွေ စိတ်ဆတ် ၊ အကြမ်း-ဖ(က်)တတ်ပြီး လူမျိုး-(တုံး) သ-(တ်)ဖြတ်တတ်ကြတာ အံ့သြစရာမရှိဘူး" ဒီစကားတွေကိုဆိုခဲ့တဲ့ လယ်ရီဖလန့်ဟာ ငယ်ငယ်ကတည်းက အရက်ပုန်းရောင်းပြီး အသည်းအသန် ငွေရှာချင်ခဲ့တဲ့ကလေးတစ်ယောက်ပါ။ အရွယ်ရောက်လာချိန်မှာတော့ ဖော်ချွတ်မယ်တွေနဲ့ ကလပ်တစ်ခုဖွင့်ထားတဲ့လူတစ်ယောက်ဖြစ်လာခဲ့ပေမဲ့လည်း မအောင်မြင်ဘဲ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ ကြံရည်ဖန်ရည်ကောင်းတဲ့ လယ်ရီဟာ သူ့ကလပ်ရဲ့လုပ်ငန်းတွေအဆင်ပြေစေဖို့ ၊ လူများများရောက်လာဖို့အတွက် ဖော်ချွတ်မယ်တွေရဲ့ကိုယ်လုံးတီးပုံတွေနဲ့ စာစောင်တွေထုတ်ပြီး ကြော်ငြာခဲ့ပါတယ်။ တစ်ရက်မှာတော့ လူတစ်ယောက်ဟာ လယ်ရီနဲ့တော်တဆတွေ့ခဲ့ပြီး ဒီမဂ္ဂဇင်းကို ဘယ်လိုထပ်ဝယ်လို့ရမလဲလို့ မေးခဲ့ရာကနေ လယ်ရီဟာ အပြာမဂ္ဂဇင်းထုတ်ဖို့ အကြံဉာဏ်ရသွားခဲ့ပါတယ်။ စစချင်းမှာ မဂ္ဂဇင်းဟာ ဝက်ဝက်ကွဲ ရှုံးခဲ့တယ်။ နောက်တော့ အောင်မြင်တယ်။ အဲဒီနှစ်ကာလများရဲ့ ခရစ်ယာန်ဘာသာဝင်တွေနဲ့ လူကြီးလူကောင်းများရဲ့ ကန့်ကွက်ထုတ်ဖော်မှု၊ ဝေဖန်တိုက်ခိုက်မှု ၊ တရားစွဲဆိုမှုတွေကြောင့်နဲ့ လယ်ရီဟာ တရားရုံးလည်း ရောက်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ လယ်ရီ ဖလန့်ရဲ့ ဘဝထဲက ဆယ်စုနှစ် ၃ ခုအတွင်းကြုံတွေ့ခဲ့ရတဲ့ ဆူကြုံအနိမ့်အမြင့်တွေ ၊ မဖိတ်ခေါ်ဘဲရောက်လာခဲ့တဲ့ အရှုပ်အထွေးတွေ ၊ ကိုယ်တိုင်သွားရှာလာခဲ့တဲ့ပြဿနာတွေ အားလုံးကို ခံစားချက်ရသမျိုးစုံနဲ့ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ လယ်ရီဟာ သူမှန်တယ်ထင်တာကို တဇွတ်ထိုးလုပ်ရင်းနဲ့ လူတွေရဲ့ လိင်စိတ်ကူးယဥ်မှုဆိုင်ရာလွတ်လပ်ခွင့်အတွက် တိုက်ခိုက်ပေးနေခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီခေတ်အခါက လယ်ရီဖလန့်ဟာ ဘုန်းတော်ကြီး ဂျယ်ရီဖာဝဲလ်ကို သရော်စာရေးခဲ့ပြီး ဗဟိုတရားရုံးအထိ တရားရင်ဆိုင်ခဲ့တဲ့ အဖြစ်အပျက်ကြောင့်သာ ယခုလက်ရှိကာလရဲ့ အပြာဝက်ဆိုဒ်တွေမှာ အပြာမင်းသားတွေ ဆန်တာကလော့ဒ်ဝတ်စုံကြီးနဲ့ တူနယ်တန့်နယ်နေတာမျိုးကို လွတ်လပ်စွာ ကြည့်ရှုခွင့်ရနိုင်နေတာပါ။ ဒီနိုင်ငံမှာသာ အထင်ကရနတ်မင်းတစ်ပါးရဲ့ ဝတ်စုံဝတ်ပြီး အပြာကားရိုက်မိရင် ရိုက်တဲ့ကောင်ဟာလည်း မစ္စတာ လယ်ရီဖလန့်လိုပဲ ၇ ညအိပ် ၈ ရက် ချားကီးမိပြီး ဂျေးအောင်းမှာပါ။ ဒီတော့ ညစ်ညမ်းဓာတ်ပုံ၊ ဗွီဒီယိုများ လွတ်လပ်စွာကြည့်ရှုခွင့် ရရှိရေး စွမ်းစွမ်းတမံ စွမ်းဆောင်ပေးခဲ့တဲ့ မစ္စတာ လယ်ရီ ဖလန့်ရဲ့ ဘဝအကြောင်းကို စေ့စေ့ငုံငုံ ရိုက်ပြထားတဲ့ ဇာတ်ကားလေးကို ကြည့်ရှုပေးကြပါဦး။ File size…(2.63GB) / (1.24GB) / (974MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:00:00 Genre...Biography / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Man Htet Myat