
The Past (2018) “အတိတ်တစ္ဆေ” ဒီတစ်ခါတော့ CM Bollywood ပရိသတ်ကြီးအတွက် အကြည့်နဲ့တင်ဖျားသွားမဲ့ ဟော်ရာ-ဒရာမာ ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ဆင်မ်ရန်ဟာ အမြဲအလုပ်ကိုပဲအာရုံစိုက်နေတတ်တဲ့ စာရေးဆရာမတစ်ယောက်ပါ။ သူ့မှာ အာလီယာဆိုတဲ့ ညီမလေးတစ်ယောက်ရှိပါတယ်။ တစ်နေ့တော့ သူ့ညီမလေးပူဆာတာကြောင့် ညီအစ်မနှစ်ရက်အလည်ခရီးထွက်ဖို စီစဉ်ရာက လိုနာဗလာဆိုတဲ့ တောင်ပေါ်မြိုလေးကို သွားရောက်လည်ပတ်ဖြစ်ခဲ့ပါတယ်။ ထုတ်ဝေသူယူဗရာ့ဂ်ျစီစဉ်ပေးမှုနဲ့ အဲဒီမြိုလေးက ယူဗရာ့ဂ်ျရဲ့ဘန်ဂလိုမှာ ဆင်မ်ရန်တိုညီအစ်မ အပန်းဖြေအနားယူရဖို ဖြစ်လာပါတယ်။ ဘန်ဂလိုနဲ့ရှုခင်းအလှအပတွေကြောင့် ညီမနှစ်ယောက်လုံး ရောက်ခါစမှာ အပျော်ကြီးပျော်နေခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီအပျော်ဟာတာရှည်မခံခဲ့ပါဘူး။ ဘာလိုလဲဆိုရင် အဲဒီဘန်ဂလိုမှာ စွဲကပ်နေတဲ့ဝိညာဉ်က စတင်ခြောက်လှန့်လာတာကြောင့်ပါပဲ။ ဆင်မ်မရန်လည်း မူမမှန်တာတွေ စဖြစ်လာပြီး တဖြည်းဖြည်းနဲ့ အခြေအနေပိုဆိုးလာခဲ့ပါတယ်။ နောက်ပိုင်းမှာ အစွဲကြီးလွန်းတဲ့ဘန်ဂလိုသရဲမက ဆင်မ်ရန်ရဲ့ခန္ဓာကိုယ်ကို အပိုင်သိမ်းဖိုအထိ ဖြစ်လာတဲ့အခါ…။ ဆင်မ်ရန်တိုညီမ အစွဲကြီးရဲ့သရဲမအန္တရာယ်ကို ဘယ်လိုရင်ဆိုင်ရမလဲ၊ အဲဒီလိုအစွဲကြီးရတဲ့ နောက်ကွယ်မှာ ဘယ်လိုအကြောင်းတရားတွေရှိနေမလဲဆိုတာ အမြင်ရောအကြားနဲ့ပါ သည်းထိတ်ရင်ဖို ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Cym~ToMo~V~KKKZ ပါ။)
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p HEVC | 1.7 GB | Download | |
| 1080p HEVC | 1.7 GB | Download | |
| 1080p HEVC | 1.7 GB | Download | |
| 1080p HEVC | 1.7 GB | Download | |
| 720p | 840 MB | Download | |
| 720p | 840 MB | Download | |
| 720p | 840 MB | Download | |
| 720p | 840 MB | Download | |
| 720p | 840 MB | Download |