
ဗိသုကာ ပညာရှင်ဖြစ်ဖို့ ကြိုးစားနေတဲ့လူတစ်ယောက်ရှိတယ်။ ငယ်စဥ်ကတည်းက ပုံတွေထိုင်ဆွဲနေတတ်တယ်။ ကြမ်းကြမ်းတမ်းတမ်းတွေ မလုပ်နိုင်ခဲ့ဘူး။ အနုပညာဆန်သူတစ်ဦးပေါ့ဗျာ။ အဲဒီလူဆီမှာ မိန်းမရှိတယ်။ အိမ်ထောင်ရေးက အဆင်မပြေတာတော့ မဟုတ်ဘူး။ အဆင်ပြေတာမျိုးလည်း မဟုတ်ပြန်ဘူး။ ပုံတွေပဲ ထိုင်ဆွဲနေတတ်တဲ့အတွက် မိန်းမကို ဂရုမစိုက်နိုင်ဘူးပေါ့။ ဇာတ်လမ်းက အခုမှစတာဗျ။ အဲဒီလူမှာ ရှားပါးတဲ့ မျက်လုံးရောဂါတစ်ခုဖြစ်လာရော။ ဆရာဝန်ပြောတာတော့ မျက်လုံးက ကွယ်သွားမယ်တဲ့။ သောက်ဆေးနဲ့ပဲ မြန်မြန်ကွယ်မသွားအောင် ထိန်းပေးနိုင်မယ်တဲ့။ ဒီလိုနဲ့ ဆေးခန်းကအပြန် စိတ်ညစ်ညစ်နဲ့ ဘတ်စ်ကားတက်စီးလိုက်တာ ဂိတ်ဆုံးအထိ အိပ်ပျော်ပြီး ပါသွားရော။ ဘတ်စ်ကားက တစ်နာရီကြာမှ မြို့ထဲပြန်သွားမှာ။ ဒီလိုနဲ့ဟိုဟိုဒီဒီလျှောက်သွားရင်း သစ်တောထဲမှာ တစ်ယောက်တည်းနေတဲ့ ကောင်မလေးတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ ကောင်မလေးကလည်း သူ့လိုမျိုးပဲ လူထူးဆန်းလို့ပြောရမယ်။ အနုပညာလည်းဆန်တယ်။ သူတို့နှစ်ယောက် အချင်းချင်း ချိတ်ဆက်မိကြတယ်ပေါ့။ တစ်နေ့မှာတော့ သူ့မျက်လုံးတွေ ကွယ်သွားခဲ့တယ်။ ဒါပေမဲ့ ဘာမှမမြင်ရတာတော့ မဟုတ်ဘူး။ အိပ်မက်ဆန်ဆန် လူတွေကို မြင်နေရတယ်။ တခြားကမ္ဘာတစ်ခုလိုပဲ။ လူ့ခန္ဓာကိုယ်တွေမြင်ရတယ်။ မျက်နှာတွေမမြင်ရဘူး။ ဒါတွေက ဘာကြောင့်ဖြစ်နေရတာလဲ။ မိန်းမဖြစ်သူမှာရော ဘယ်လိုကိစ္စတွေ ရှိနေမလဲ။ သစ်တောထဲက ကောင်မလေးနဲ့ရော ဘာတွေဆက်ဖြစ်မလဲဆိုတာတွေကို ကိုယ်တိုင်ပဲ ခံစားကြည့်လိုက်ပါ။ File Size : (938MB), (453MB) & (254MB) Quality : WEB-DL 1080p, 720p & 480p Format : mp4 Duration : 1hr & 38mins Genre : Mystery Translated by Jumper Neysman Encoded by Kinnov
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 720p | Download |