
ချစ်သူဆိုတာ ကိုယ်ချစ်ရတဲ့သူ၊ ကိုယ့်ကို ချစ်နေရတဲ့သူ ရယ်လို့ ရှိပါတယ်။ ချစ်ခဲ့ဖူးသူကလည်း ချစ်သူ ဖြစ်ခဲ့ဖူးတာပေါ့။ ချစ်ခဲ့ဖူးသူကိုလည်း ကိုယ်က တကယ်ချစ်ခဲ့ရတယ်။ ကိုယ့်ကို ချစ်လာတဲ့လူကိုလည်း ကိုယ်က ချစ်နေမိပြီ။ ဒါပေမယ့် ဒီလိုအချိန်မှာမှ ချစ်ခဲ့ဖူးသူ ရည်းစားဟောင်းက ကိုယ့်ဆီ ပြန်ရောက်လာတဲ့အခါမှာတော့ ..... ဒီဇာတ်လမ်းကတော့ ဒီလိုမျိုး ၃ ပွင့်ဆိုင်ပါပဲ။ အင်္ဂလန်မှာ ကြီးပြင်းပြီး အဲဒီမှာပဲ ကျောင်းတက်နေတဲ့ အင်္ဂလန်သားလေး''ဒန်နီ''နဲ့ ဟောင်ကောင်မှာမွေးပြီး အင်္ဂလန်မှာပဲ ကျောင်းလာတက်တဲ့ မင်းသမီးလေး ''ဒါနီ''၊ သူ့ရည်စားဟောင်း ''အဲလက်စ်''တို့ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးပေါ့ တိုက်ခန်းတစ်ခန်းထဲမှာ အတူတူ နေပေမယ့် မသိကြတဲ့ ''ဒန်နီ''နဲ့' 'ဒါနီ'' သူငယ်ချင်း ''ဂျီဂျီ'' မိတ်ဆက်ပေးမှ သိကြရာက ဖြစ်လာမယ့် သူတို့အချစ်ရေးကြောင့် လောလောလတ်လတ်မှာ အသည်းကွဲထားတဲ့ ''ဒါနီ''တစ်ယောက် ''ဒန်နီ''ကို ပြန်ချစ်နိုင်ပါ့မလား။ ဒါ့ပြင် ရည်စားဟောင်းက ပြန်လာတောင်းပန်တဲ့အခါ ''ဒါနီ'' ပြန်လက်ခံမလား ဘယ်လိုဖြစ်မလဲ သူတို့၂ယောက်ထဲက ဘယ့်သူ့ကို ရွေးမလဲ ဒါဟာ ဆုံးဖြတ်ရခက်တဲ့ အခြေအနေပါပဲ။ ကိုယ်သာ ဆိုရင်ရော ဘယ်သူ့ကို ရွေးဖြစ်မယ် ထင်ပါသလဲ ဒီဇာတ်ကားထဲက ဇာတ်ကောင်တွေရဲ့အဖြစ်သနစ်ကို ချဉ်းနင်းလေ့လာ ခံစားကြည့်ရအောင်ပါ။ အာရှအချစ်ကားကောင်းကောင်းလေး ကြိုက်တတ်ရင်တော့ ဒီကားက ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Pone Nyet Khaing ပဲ ဖြစ်ပါတယ်။ Genre.....Romance, Drama Quality….WEB-DL 720p and 480p Format…mp4 Duration….1h 27min Subtitle….Myanmar Subtitle (Hardsub) Translator ..... Pone Nyet Khaing Encoder ..... August
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 964MB | Download | |
| 1080p | 964MB | Download |