
IMDb Rating - 6.9/10 2023 မှာ ထွက်ရှိလာတဲ့ တူရကီကားလေးနဲ့ မိတ်ဆက်ပေး ပါရစေ။ တူရကီတွေကတော့ ဒီကားဟာ အတိတ်ကို အောက် မေ့သတိရအောင် လုပ်နိုင်ပါသတဲ့။ လုပ်နိုင်ဆို ဇာတ်လမ်းက ၁၉၈၆မှာ ဇာတ်အိမ်တည်ထားသကိုး။ Musical ဆိုတဲ့အတိုင်း သူတို့ခေတ်သူတို့အခါက သီချင်းတွေကို ဝေဝေဆာဆာ မြိုင် မြိုင်ဆိုင်ဆိုင် ထည့်ထားတဲ့အပြင် အဲဒီခေတ်က အထင်ကရ ပုဂ္ဂိုလ်တွေ၊ ဖြစ်ရပ်တွေအကြောင်းကိုလည်း အလျဉ်းသင့်သလို ထည့်ပေးထားတော့ လွမ်းမိတာလည်း မဆန်းပါဘူး။ ဒါ့အပြင် တူရကီသရုပ်ဆောင်၊အဆိုတော် Little Emrah နဲ့ လျှမ်း လျှမ်းတောက်အောင်မြင်တဲ့ တူရကီရဲ့ transgender diva ဖြစ်တဲ့ Bulent Ersoy တို့အကြောင်းတွေပါ ပါတဲ့အတွက် သူတို့အတွက် တော့ ကြည့်ကောင်းလှပေမပေါ့။ ဒါဆို သူတို့အတွက်ပဲ ကြည့်ကောင်း တာလား။ မဟုတ်ပါဘူး။ Stand-up comedian တစ်ဖြစ်လဲ ဒီဇာတ် ကားရဲ့ ဇာတ်ညွှန်းရေးဆရာ Ata Demirer ထည့်ထားတဲ့ ဟာသ လေးတွေ အလွဲလေးတွေကြောင့် အူတက်အောင်မရယ်ရတောင် ထထ ပြုံးမိမှာ အသေအချာပါပဲ။ နောက်ပြီးတော့ သူက ဒီဇာတ် ကားရဲ့ ဇာတ်လိုက်နေရာကနေလည်း သရုပ်ဆောင်ထားတာပါ။ ဇာတ်လမ်းကတော့ ဆံပင်တုတစ်ခုကနေ စလိုက်တဲ့ ဇာတ်လမ်းပေါ့။ ဆိုင်လေးတစ်ဆိုင်မှာ စန္ဒရားတီးပြီးဖျော်ဖြေတဲ့ ဂီတသမား ဂျန်ဂစ်ရဲ့ အဖြစ်ချင်ဆုံးအိပ်မက်ကတော့ သူ့ကိုယ်ပိုင်သီချင်းခွေထုတ်ချင်တာ ပါတဲ့။ ဒီအိပ်မက်က ဂျန်ဂစ် လူလတ်ပိုင်းအရွယ်ရောက်တဲ့အထိမပြောင်း လဲပါဘူး။ တစ်နေ့ ဆိုင်မှာ စန္ဒရားတီးနေရင်း ဆံပင်တုကျွတ်ကျသွားပြီး ဆံပင်တုကို ခွေးဆွဲသွားလို့ လိုက်ဖမ်းတာမှာ တေးရေးဆရာကြီးအိမ် ထဲကို ရောက်သွားပါတယ်။ အဲဒီမှာပဲ တေးရေးဆရာကြီးရဲ့ သားနဲ့သမီးနဲ့ အတူ သူ့အိပ်မက်ကို ဘယ်လိုအကောင်အထည်ဖော်မလဲ။ ဂီတကိုပဲ ချစ်သူတော်ထားတဲ့ သူ့ဘဝထဲကို တေးသီငှက်လေး ဘယ်လိုဝင်ရောက် လာမလဲ။ တေးသီငှက်လေးကရော ဘယ်လမ်းကို ရွေးချယ်သွားမလဲ ဆိုတာကို မိသားစုနဲ့အတူ ကြည့်ရှုခံစားရင်း ဘဝအမောတွေ ခဏတစ် ဖြုတ်တော့ ပြေပျောက်နိုင်ပါစေဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်) File Size..........(2.34 GB) / (1.0 GB) / (616 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........2Hrs Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Music Translator.......EL Encoder..........SWM