
ဒီတစ်ခါမှတော့ သည်းထိတ်ရင်ဖို Horror Thriller ရုပ်ရှင်လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအမည်ကတော့ "ဝင်္ကပါ" ဖြစ်ပြီး ဘာဝင်္ကပါလဲဆိုတာတော့ ဇာတ်လမ်းအကျဥ်းမှာဖတ်ကြည့်ရအောင်။ ဇာတ်လမ်းအစမှာ ရထားတစ်စီးဟာ အေးအေးလူလူခုတ်မောင်းနေလေရဲ့။ ရထားပေါ်မှာ လူတန်းစားအမျိုးမျိုး၊ လူအမျိုးမျိုးက လိုက်ပါစီးနင်းနေကြတာပေါ့။ ရှေ့မှာကြုံလာမယ့်အန္တရာယ်ကိုသတိမထားမိစွာဘဲ အေးအေးလူလူ စကားတပြောပြောနဲ့ပေါ့။ တစ်နေရာအရောက်မှာတော့ ဘာဖြစ်မှန်းမသိဘဲ ရထားဟာရပ်တန့်သွားပါတော့တယ်။ ရထားထဲကထွက်ဖို့ကြိုးစားကြရင်း ရုန်းရင်းဆန်ခတ်ဖြစ်နေကြပြီးနောက်မှာတော့ ရထားလမ်းမြေပြိုနေတာဖြစ်ကြောင်းသိလိုက်ရပါတယ်။ ဘေးလွတ်ရာမှာဆင်းနေကြပေမယ့် ကင်းခြေများအကောင်ရေ ထောင်ချီဝိုင်းလာတဲ့အခါမှာတော့ ရထားပေါ်ပြန်တက်နေရုံကလွဲရွေးချယ်စရာမရှိခဲ့ပါဘူး။ ရထားဟာ ဝန်မမျှဖြစ်ပြီး မြေပြိုနေတဲ့တွင်းနက်ကြီးထဲကို ထိုးကျသွားပါလေရော။ အဲ့ဒီတွင်းထဲမှာလည်း ကင်းခြေများအကောင်ရေအမြောက်အများရှိနေတဲ့အခါ ခြေဦးတည့်ရာကိုပြေးရပါတော့တယ်။ ဘယ်နေရာကိုရောက်မှန်းမသိရောက်ကုန်ရင်း ကယ်ဆယ်ရေးအဖွဲဲ့တွေကရော သူတိူ့ကိုရှာတွေ့ပြီး ကယ်တင်နိုင်ပါ့မလား။ သူတို့အနေနဲ့ရော ကင်းခြေများဝင်္ကပါကနေလွတ်အောင်ပြေးနိုင်ပါ့မလား။ ဘေးအန္တရာယ်ကြုံတဲ့အခါတွေ့ရမယ့်လူ့ သဘောသဘာဝ ကို မြင်တွေ့ရမယ့်အပြင် ကင်းခြေများနဲ့လူတွေရဲ့အားပြိုင်ပွဲကို စိတ်လှုပ်ရှားစွာကြည့်ရှူရမှာပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure Runtime : 1h 9min Subtitle : Myanmar Subtitle ( Hardsub ) Translated By CM Team Encoded by LK