
ရွှေကမ္ဘာလုံးဆု ဆန်ကာတင်ဝင်ခဲ့တဲ့ ဖြစ်ရပ်မှန် မရိန်းတပ်တွင်း ဒရာမာ ရုပ်ရှင်ဖြစ်ပါတယ်။ ဒါရိုက်တာကတော့ မရိန်းတပ်ဖွဲ့ဝင်ဟောင်းဖြစ်ပြီး သူ့ရဲ့ ကိုယ်တွေ့ဇာတ်လမ်းကို ပြန်လည်ရိုက်ကူးထားတာပါပဲ။ အကြောင်းအရာကတော့... လိင်တူချစ်သူတွေကို မုန်းတတ်တဲ့ စိတ်ရောဂါရှိတဲ့ အမေဟာ သူ့ရဲ့သားဖြစ်သူ ဖရန့်ကို အိမ်ကနှင်ချခဲ့တာကြာပါပြီ။ ဖရန့်ဟာ မရိန်းတပ်ထဲကိုဝင်သွားပြီးတော့ သင်တန်းကာလမှာ လိင်တူမုန်းတဲ့လူတွေနဲ့ ကြုံဆုံရပုံ အခက်အခဲတွေကို ပြသထားတာဖြစ်ပါတယ်။ အမေရိကန်စစ်တပ်ဟာ လိင်တူတွေနဲ့ပတ်သက်ပြီး မမေးနဲ့မပြောနဲ့ ဆိုတဲ့ တရားဝင်ပေါ်လစီ ရှိပါတယ်။ ၁၉၉၃ လောက်မှာစတင်ခဲ့တာပါ။ အဓိပ္ပါယ်ကတော့ စစ်တပ်ထဲမှာ တားမြစ်ထားတဲ့လိင်တူကိစ္စတွေ မပြုမူမချင်း စစ်သားတစ်ယောက်ကို လိင်တူချစ်သူဟုတ်မဟုတ် လိုက်စုံစမ်းခွင့်မရှိပါဘူး။ ဒါပေမဲ့ လိင်တူချစ်သူပါဆိုပြီး တရားဝင် ထုတ်ဖော်ပြောဆိုခွင့်လည်းမပေးထားပါဘူး။ အဲဒီသဘောပါပဲ။ ဒီတော့ ဒီပေါ်လစီတွေနဲ့ စစ်သားတွေရဲ့ ကွဲပြားတဲ့သဘောထားတွေကြားမှာ ဖရန့်တစ်ယောက်ဘယ်လိုအသက်ရှင်မလဲဆိုတာကတော့... (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 600MB Quality - 1080p, 720p IMDb Rating - 7.2/10 Format - mp4 Duration - 1H 35Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y