
The Ideal Squad (2023) comedy fanတွေအတွက် ဗီယက်နမ်ဟာသဇာတ်လမ်းကောင်လေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ခဝေးတစ်ယောက် သွမ့်ဆိုတဲ့ သူမရဲ့အရင်ယောကျာ်းကောင်းမှုကြောင့် ထောင်နန်းစံခဲ့ရတယ်။ သူ ပြန်လွတ်လာချိန်မှာ သွမ့်က ဂျူဝဲလ်ဆိုတဲ့အမျိူးသမီးနဲ့ လက်ထပ်ဖို့ပြင်နေပြီ။ အဲ့ဒီအမျိူးသမီးကို တင်တောင်းတာကလည်း ခဝေးအမေ ခဝေးကိုအမွေပေးခဲ့တဲ့လည်ဆွဲနဲ့။ ဒါပေမယ့် လည်ဆွဲက အစစ်မဟုတ်ဘူး။ ခဝေးနဲ့သွမ့်ရဲ့သမီးလေးကိုလည်း သွမ့်ကပဲခေါ်ထားတယ်။ ဒီတော့ ခဝေးနဲ့ သူမငယ်သူငယ်ချင်း ဟောင်ဖုန်းဟာ သွမ့်နဲ့ဂျူဝဲလ်တို့မင်္ဂလာဆောင်မှာ လည်ဆွဲကိုခိုးပြီး သွမ့်ကိုဖော်ကောင်လုပ်ဖို့၊ ပြီးရင် ခဝေးရဲ့သမီးလေးကို ပြန်ခေါ်ဖို့အတွက် planတွေဆွဲကြတယ်။ ဒါပေမယ့် ဒီplanထဲမှာ မထင်မှတ်ဘဲ ပါလာတာက.... သူခိုးဆီက ဘုမသိဘမသိနဲ့ရလိုက်တဲ့ ဆွီဒင်ကြက်ဖကြီးကို ကင်စားမိလို့ ငွေတစ်ဘီလီယံအကြွေးဆပ်နေရတဲ့ ဗရုတ်သုတ်ခမိသားစုတစ်စု။ ဒီလိုနဲ့ ကပေါက်တိကပေါက်ချာ မိသားစုရယ်၊ ခဝေးတို့သူငယ်ချင်းနှစ်ယောက်ရယ်ပေါင်းပြီး ဘယ်လိုတွေလောင်းကျော်မလဲ၊ planချထားတာတွေ ရှောရှောရှူရှူဖြစ်လာမလား၊ ဂျူဝဲလ်ကရော လူတွေထင်သလို စိတ်နှလုံးကောင်းတဲ့သူလား ဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာပဲ အဖြေရှာလိုက်ပါ။ ထိုင်းဟာသကားတွေကြိုက်တတ်ရင် ဒီဗီယက်နမ်ကားလေးကိုလည်း နှစ်ခြိုက်သဘောကျပါလိမ့်မယ်နော်~ အညွှန်း နဲ့ ဘာသာပြန်ကတော့ Funzae ပဲ ဖြစ်ပါတယ်။