
The Hunt (2012) ဇာတ်ကားနာမည်အတိုင်း ကိုယ့်ရဲ့ဖြစ်ရပ်ဆိုးကြီးကကိုယ့်ကို လိုက်ခြောက်လန့်နေမယ့် ခံစားချက်ကိုရစေမယ့် Drama ကားလေးပါ။ ပိုဆိုးတာက ကိုယ် ကိုယ်တိုင်မလုပ်ထားတဲ့ လုပ်ရပ်အတွက် ပေးဆပ်ခံစားနေရရင် ပိုဆိုးပါတယ်။ ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေ ပီပြင်စွာ လက်စွမ်းပြထားတဲ့ ဒီရုပ်ရှင်ဟာ ဆုတံဆိပ်တွေများစွာရထားပြီး စီးမျှောခံစားကြည့်လို့ကောင်းတဲ့ ဒိန်းမတ်ကားလေးပါပဲ။ ဇာတ်လမ်းအကျဥ်းကတော့ နယ်မြို့လေးတစ်မြို့မှာ ကလေးတွေနဲ့ဆို ခင်တတ်မင်တတ် ပျော်တတ်တဲ့ မူကြိုကျောင်းဆရာတစ်ယောက်ရှိပါတယ်။ အလုပ်ကိုလည်းကြိုးစားရင် သားဖြစ်သူရဲ့ အုပ်ထိန်းခွင့်ကိုလည်း ရအောင်ကြိုးစားရင်း ရုန်းကန်နေရတဲ့ သာမန်ဘဝလေးတစ်ခုပေါ့။ တစ်နေ့ကျတော့ သူအလုပ်လုပ်တဲ့ မူကြိုက ကလေးမလေးတစ်ယောက်ဟာ ဒီဆရာဖြစ်သူက ကလေးမကို လိင်ပိုင်းဆိုင်ရာပြုကျင့်ကြောင်း ပြောဆိုတိုင်ကြားလာပါလေရော။ ဒီကိစ္စဟာ လူ့အသိုင်းအဝိုင်းမှာ မဖြစ်သင့်တဲ့ကိစ္စမို့ မိဘဆရာတွေကလည်း ထိထိရောက်ရောက်ဆောင်ရွက်၊ ကလေးတွေကြားမှာလည်း အချင်းချင်းပြောရင်းဆိုရင်းကနေ အမှုကပိုကြီးလာပါတယ်။ သို့ပေမဲ့ ဒီမူကြိုဆရာကတော့ သူလုပ်တာမဟုတ်ကြောင်း တတွင်တွင်ငြင်းဆိုရင်း လူအများရဲ့ ဒဏ်ခတ်မှုကို သည်းညည်းခံ ခါးစည်းခံနေရပါတယ်။ အဆုံးမှာ ဘယ်လိုဖြစ်သွားမလဲကတော့ စိတ်ဝင်စားစရာပါပဲ။ Dramaကားကောင်းကြိုက်သူတိုင်း ကြည့်သင့်တဲ့ကားလေးဖြစ်ပါတယ်ဗျ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။) File Size : 1.3GB, 550MB, 330MB Quality : 1080p Blu-ray AAC 5.1CH, 720p Blu-ray, 480p Format : mp4 Duration : 1hr 55mins Genre : Drama Translated by Themes Encoded by Kinnov
ဒေါင်းလုပ်လင့်ခ်များမရှိသေးပါ
ထုတ်လွှင့်သည့်နေ့
October 25, 2012
ကြာချိန်
1h 56m
အဆင့်သတ်မှတ်ချက်
8.1 / 10
Director
Thomas Vinterberg